ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံခြင်းကို ရရှိခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ည်းActing တွေကြောင့်လည်း  တစ်ကားထက်တစ်ကား ပိုမိုအောင်မြင်မှုတွေ ရရှိလာတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Wint Yamone Naing’s Facebook Page
Photo Crd- Wint Yamone Naing’s Facebook Page
Photo Crd- Wint Yamone Naing’s Facebook Page

သူမဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ မိုမိုဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲလိုလို ဝေမျှတင်ဆက်ပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဝင့်ယမုံနိုင်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd- Wint Yamone Naing’s Facebook Page
Photo Crd- Wint Yamone Naing’s Facebook Page
Photo Crd- Wint Yamone Naing’s Facebook Page

ဒါကတော့ " Happy birthday to Me

သမီးအတွက်ကမွေးနေ့ဆိုပေမယ့် အမေ့အတွက်ကတော့ သမီးကိုမွေးတဲ့အချိန်မှာ အင်မတန်ဆိုးရွားတဲ့အဖြစ်အပျက်ကြီးကို စရင်ဆိုင်ခဲ့ရတဲ့နေ့ပါ ...

သေမင်းနဲ့စစ်ခင်းပြီး အသက်အန္တရာယ်ကို   ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတဲ့ အခြေအနေ ...

ဆေးရုံမှာရက်လများစွာနေရပြီး ဆိုးရွားလွန်းခဲ့တဲ့အခြေအနေတွေကို ကြံ့ကြံ့ခံခဲ့ပေးတာတွေ ...

ရက်ပေါင်းများစွာ မျှော်လင့်ချက်မဲ့နေခဲ့တာတွေ ...

အဆိုးဆုံးအခြေအနေထိဖြစ်ပြီးမှ ကံကောင်းထောက်မစွာနဲ့ ပြန်ကျန်းမာလာပေးလို့ ကျေးဇူးတင်ပါတယ်မေမေ

အသက်အန္တရာယ်ကိုအံတုပြီး ယမုံ့ကိုလူလားမြောက်အောင်မွေးဖွားပေးခဲ့တဲ့အတွက် ဦးခိုက်ကန်တော့ပါတယ် မေမေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Wint Yamone Naing’s Facebook Page and Li John’s Photograohy 

Photo Crd- Wint Yamone Naing’s Facebook Page
Photo Crd- Li John’s Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။