ပရိသတ်ကြီးရေ....ကြော်ငြာလေးတွေကနေတစ်ဆင့် ပရိသတ်တွေစတင်သတိထားမိလာခဲ့ပြီး အရုပ်မလေးလို ချစ်စရာကောင်းတဲ့ နန်းသူဇာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာအနုပညာလှုပ်ရှားမှုတွေစတင်လုပ်ကိုင်ခဲ့တဲ့ အချိန်တည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိတဲ့သူလေးဖြစ်ပါတယ်။ နန်းသူဇာဟာ သီချင်းလေးတွေကိုလည်း သီဆိုလေ့ရှိပြီး သူငယ်ချင်းဖြစ်တဲ့နန်းမြတ်ဖြိုးသင်းနဲ့အတူ တေးစီးရီးအယ်လ်ဘမ်လည်းထွက်ရှိထားတာဖြစ်ပါတယ်။

Photo credit-Nann Thuzar 's Facebook acc
Photo credit-Nann Thuzar 's Facebook acc

နန်းသူဇာဟာ အဆိုတော်ကျော်ထွဋ်ဆွေနဲ့လည်း ကြည်နူးစရာကောင်းတဲ့ relationship တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး နှစ်တွေအတော်ကြာလက်တွဲနေနိုင်တာကြောင့် ပရိသတ်အားကျရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာအောင်မြင်နေကြသူတွေဖြစ်ပြီး တစ်ယောက်နဲ့တယောက် နားလည်မှုရှိပြီး ပံ့ပိုးကူညီပေးကြတာပါနော်။

Photo credit-Nann Thuzar 's Facebook acc
Photo credit-Nann Thuzar 's Facebook acc

အခုလက်ရှိမှာဆိုရင်လည်း နန်းသူဇာဟာကျော်ထွဋ်ဆွေတို့မိသားစုလေးနဲ့အတူ ခရီးတွေသွားနေတာပါနော်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "အရောင် နုနုလေးတွေ ကြိုက်တယ် ယူတို့ရော? ပြည့်လာတဲ့ ခန္ဓာကိုယ်လေး ကတော့ ခြွင်းချက်" ဆိုတဲ့captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nann Thuzar 's Facebook acc
Photo credit-Nann Thuzar 's Facebook acc

Source-Nann Thuzar 's Facebook acc

Photo credit-Nann Thuzar 's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။