ဟာသမင်းသမီးလေးအဖြစ် အားလုံးကသိကြတဲ့ ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေလွန်းသူလေး ဖြစ်ပါတယ် ။ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရပြီး အရမ်းကိုအောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ မိဘနှစ်ပါးကို ရိုးရိုးသားသားလုပ်ကျွေးပြုစုနေတဲ့ ဖြူဖြူထွေးက လတ်တလောမှာတော့ ကြော်ငြာတွေဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက ရိုက်ကွင်းပေါ်မှာ ကောင်လေးတစ်ယောက်လို အပီအပြင်သရုပ်ဆောင်ပြီး အိုင်တင်တွေလုပ်ပြနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက "ဒီလိုခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဆိုရင်ကော ချစ်မှာလား" ဆိုပြီး ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေထားတာ ဖြစ်ပါတယ် ။ ကောင်လေးတစ်ယောက်လို သရုပ်ဆောင်ရင်း အလွဲလေးတွေဖြစ်နေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကို ပျော်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ရိုက်ကွင်းပေါ်က ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Phyu Phyu Htwe's FB Acc

Photo Credit-Amazing Grace

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။