မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီဆုတွေကို ရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်မေတ္တာကိုလည်း ခံယူထားပါတယ်နော်။အူဝဲက ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်လို့ သူမရဲ့အနုပညာသက်တမ်းကတော့ နှစ်ဆယ်စုနှစ်တောင် ကျော်သွားပြီဖြစ်ပါတယ်။အူဝဲက အခုဆိုရင် အသက်(၄၀)ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ပြည်သူချစ်မင်းသမီးချောတစ်ယောက်ပါနော်။

Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page

အူဝဲက သားတစ်ယောက်၊သမီးတစ်ယောက်မွေးဖွားထားတဲ့ မိခင်ဖြစ်ပြီး ချစ်ခင်ပွန်းပြေတီဦးနဲ့လည်း အေးအတူပူအမျှ လက်တွဲနေထိုင်နေတာဖြစ်ပါတယ်။အူဝဲတို့မိသားစုလေးက အရမ်းပျော်ရွှင်ဖွယ်ကောင်းပြီး ပရိသတ်တွေကလည်း အားကျချစ်ခင်ရတဲ့ မိသားစုလေးပါနော်။အူဝဲတို့ဇနီး‌ေမာင်နှံနှစ်ယောက်ကတော့ လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပါတယ်။

Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page

အူဝဲကလည်း အသက်(၄၀)ကျော်အရွယ်လို့ ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုပြီး အရွယ်တင်နေတာဖြစ်ပါတယ်။ဟိုးအရင်တုန်းကလိုပဲ အလှအပတွေက နည်းနည်းလေးမှမလျော့သွားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အရမ်းလှတာဖြစ်လို့ ပရိသတ်တွေကတော့ သူမအလှအပတွေကို ချီးကျူးနေကြတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း အူဝဲက သူမခရီးသွားခဲ့တုန်းက ပုံရိပ်လေးတွေကို သူမရဲ့ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's Facebook Page
Photo Credit:Eaindra Kyaw Zin's Facebook Page

Source&Photo Credit:Eaindra Kyaw Zin's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။