သရုပ်ဆောင် မင်းသမီးချော မျိုးစန္ဒီကျော်ကတော့ ကလေးတစ်ယောက်မေမေဖြစ်ပေမယ့်လည်း အခုချိန်အထိ အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ် ။ ချောမောလှပတဲ့မျက်နှာလေးနဲ့ နုဖတ်နေတဲ့ မျိုးစန္ဒီကျော်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ် ။ မျိုးစန္ဒီကျော်အနေနဲ့ သမီးလေးကိုပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Myo Sandy Kyaw's FB Acc
Photo Credit-Myo Sandy Kyaw's FB Acc
Photo Credit-Myo Sandy Kyaw's FB Acc

မနေ့ကတော့ မျိုးစန္ဒီကျော်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ "တို့မမနဲ့တို့" ဇာတ်လမ်းတွဲလေးရဲ့အပိုင်း(၁)ကို ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ လူစုပြီးကြည့်ခဲ့တာ ဖြစ်ပါတယ် ။ ဒီအကြောင်းကို မျိုးစန္ဒီကျော်က " "တို့မမနဲ့တို့" MRTV-4 ဇာတ်လမ်းတွဲစပြီးလွှင့်တဲ့နေ့မှာ အန်ကယ်ဦးသိန်းဟန်အိမ်မှာစုပြီး "တို့မမနဲ့တို့" အဖွဲ့သားများ အပိုင်း(၁)ကို တစုတဝေး တပျော်တပါး ကိုနန္ဒထောပတ်ထမင်းစား၍ အားပေးခဲ့ပါကြောင်း"တို့မမနဲ့တို့" MRTV-4 ဇာတ်လမ်းတွဲကို တနင်္လာနေ့မှသောကြာနေ့အထိ ည (၇) နာရီတိတိတွင် MRTV-4 တွင် ကြည့်ရှုအားပေးကြပါဦးနော် ချစ်သောအမျိုးတို့ရေ" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Myo Sandy Kyaw's FB Acc
Photo Credit-Myo Sandy Kyaw's FB Acc
Photo Credit-Myo Sandy Kyaw's FB Acc

ဒီဇာတ်လမ်းတွဲလေးမှာတော့ မျိုးစန္ဒီကျော်နဲ့အတူ ညီနန္ဒ၊ လှမျိုးသဥ္ဇာနွယ်နဲ့ မြတ်သူသူတို့က အတူတူပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ် ။ အခုလည်း မျိုးစန္ဒီကျော်တို့အနုပညာမောင်နှမတစ်စုက အတူဆုံတုန်းမှာ ပျော်ပျော်ပါးပါးစားသောက်ရင်း အမှတ်တရပုံလေးတွေလည်း ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မျိုးစန္ဒီကျော်တို့အနုပညာမောင်နှမတစ်စုရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Myo Sandy Kyaw's FB Acc

Photo Credit-Myo Sandy Kyaw's FB Acc
Photo Credit-Myo Sandy Kyaw's FB Acc
Photo Credit-Myo Sandy Kyaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။