အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် ဖမ်းစားထားနိုင်သူလေးကတော့ အဆိုတော်မလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ သူမကတော့ အဆိုတော် ဂရေဟမ်ရဲ့ အကြီးဆုံးသမီးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံရရှိထားတာပဲ ဖြစ်ပါတယ်။ ဂီတလောကကို ဝင်ရောက်တာမကြာသေးပေမယ့်လည်း သူမရဲ့ ကြိုးစားမှုတွေကြောင့် နေရာတစ်နေရာ ရပ်တည်နိုင်နေပြီပဲ ဖြစ်ပါတယ်။
ပန်းရောင်ဟာ ခရီးသွားရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာတော့ သူမချစ်ရတဲ့ ရှမ်းပြည်ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ တင်ပေးလေ့ရှိရာ အခုတစ်ခါမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ချစ်စရာကောင်းတဲ့ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ " ပန်းရောင် ချစ်ရတဲ့ တောင်ကြီးသို့ ရောက်ရှိ
ရှမ်းသွေး 25 % ပါသည် ဟီးဟီး " ဆိုပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ဟာ ခရမ်းရောင် ဂါဝန်လေးနဲ့ ကလေးတစ်ယောက်လို ပျော်ရွှင်နေတာလည်း မြင်တွေ့ရမှာပါနော်။ ပရိသတ်တွေအတွက် သာယာအေးချမ်းလှတဲ့ တောင်ကြီးမြို့လေးကို မိသားစုနဲ့အတူရောက်ရှိနေတဲ့ ပန်းရောင်ခြယ်ရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Pan Yaung Chel’s Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။