မင်းသားချောလေးနက္ခတ်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေပြီး ဇာတ်လမ်းတွဲတွေကို ဆက်လက်ရိုက်ကူးလျက်ရှိနေသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ နက္ခတ်ကတော့ ပရိသတ်တွေအချစ်ပိုရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

PHOTO CREDIT: NAT KHAT ' S FACEBOOK ACC
PHOTO CREDIT: NAT KHAT ' S FACEBOOK ACC

နက္ခတ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနေအထိုင်အေးဆေးတဲ့ မင်းသားချောလေးတစ်လက်ဆိုရင်လည်း မမှားပါဘူး။နက္ခတ်ကတော့ သူနဲ့အချိန်အတော်ကြာလက်တွဲလာတဲ့ ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့ ချပြထားသူလေးဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိတဲ့ နက္ခတ်ကတော့ အေးချမ်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ 

PHOTO CREDIT: NAT KHAT ' S FACEBOOK ACC
PHOTO CREDIT: NAT KHAT ' S FACEBOOK ACC

နက္ခတ်ကတော့ ယခုမှာအလှူတစ်ခုကိုသွားရောက်ရင်း ရွာလုံးကျွတ်နီးပါးလာရောက်အားပေးကြတဲ့ ပရိသတ်တွေကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။နက္ခတ်ကတော့ "ချစ်ဖို့ကောင်းကြတဲ့ ရွာသူရွာသားလေးတွေလူစုလူဝေးတော့မဟုတ်ပါဘူးနော် တစ်ရွာလုံး မီးမရှိကြသေးတော့ ဘုန်းကြီးကျောင်းမှာ လာစုပြီး အားပေးကြတာပါ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးနက္ခတ်ရဲ့ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

SOURCE :NAT KHAT ' S FACEBOOK ACC

PHOTO CREDIT: NAT KHAT ' S FACEBOOK ACC
PHOTO CREDIT: NAT KHAT ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။