မင်းသမီးချော လင်းဇာနည်ဇော်ကတော့ သမီးချောလေးတစ်ယောက်ရဲ့မိခင်ဖြစ်ပြီး သမီးလေးနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုလေးက သာယာချမ်းမြေ့ဖွယ်ကောင်းပြီး မောင်နှမအချင်းချင်းလည်း စည်းလုံးကြပါတယ်နော်။လင်းဇာနည်ဇော်က အနုပညာအလုပ်တွေလည်း လုပ်ဆောင်နေဆဲဖြစ်သလို ချစ်အစ်မကြီးတို့နဲ့လည်း စီးပွားရေးကို တက်ညီလက်ညီလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းလေးကလည်း အသက်(၂၃)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်လို့ မေမေအားကိုးရတဲ့ သမီးလေးဖြစ်လို့နေပါပြီနော်။မေမေတို့ရဲ့အလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီလုပ်ကိုင်ပေးတဲ့ မြူ‌လင်းလေးက အနုပညာကိုလည်း ဝါသနာပါတဲ့သူဖြစ်ပါတယ်။လက်ရှိမှာဆိုရင် မြူလင်း‌က အနုပညာအလုပ်တွေကို လေ့လာသင်ယူနေတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်နဲ့မြူလင်းကိုကိုတို့ သားအမိနှစ်ယောက်ကတော့ ညီအစ်မတွေလိုမျိုး ဆက်ဆံကြပြီး သွားအတူ၊လာအတူနဲ့ ပျော်စရာကြီးပါနော်။အခုဆိုရင်လည်း သားအမိနှစ်ယောက်က အပြင်ထွက်လည်ရင်း အမှတ်တရဓာတ်ပုံလေးတွေ ရိုက်လာတာဖြစ်ပါတယ်။မြူလင်းလေးကလည်း ချစ်ဖို့ကောင်းသလို မေမေလင်းဇာနည်ဇော်ကလည်း နုငယ်နေတဲ့ပုံလေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source&Photo Credit:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။