ချစ်ပရိသတ်ကြီးရေ ကိုပေါက်ကတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ဆိုင်ကယ်တစ်စီးနဲ့ ပြည်တွင်းက အလှတွေကို ရှာဖွေ ခံစားနေတာပဲ ဖြစ်ပါတယ်။ ကိုပေါက်က ဒါရိုက်တာတစ်ယောက်လည်း ဖြစ်သလို ဇာတ်ပို့ ဇာတ်ရံတစ်ယောက်ဖြစ်လည်း ဖြစ်တာကြောင့် ပရိသတ်တွေထဲမှာ သူ့ကို မသိသူမရှိသလောက် ရှားပါတယ်နော်။ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ ကိုပေါက်က လတ်တလောမှာတော့ ကလောမြို့ကို ရောက်ရှိနေတာပါ။
ကိုပေါက်က Stay Homeကာလပြီးလို့ ခရီးတွေ ပြန်လည်သွားရောက်လို့ ရတဲ့ အချိန်မှာတော့ ဆိုင်ကယ်တစ်စီးနဲ့ ပြည်တွင်းခရီးစဥ်တွေကို ဆက်တိုက်သွားရောက်နေတာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ပရိသတ်အချစ်တော် ကိုပေါက်က သူရဲ့ ဆိုင်ကယ်ဘေးမှာ အထာကျကျပိုစ့်ပေးနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ဖက်ရှင်တွေကလည်း အလန်းစားဖြစ်နေတဲ့အပြင် ရှုခင်းတွေကလည်း တကယ်ကို လှပလွန်းတာကြောင့် လိုက်ဖက်နေတာပါနော်။
ကိုပေါက်က ယခုမှာ ကလော - အင်းတိန် (ပင်မှီလမ်း)ကို သွားရောက်နေပြီး စိမ်းစိုလှပတဲ့ ရှုခင်းတွေနောက်ခံထားကာ စမတ်ကျကျပိုစ့်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ကိုပေါက်ရဲ့ ပုံလေးတွေအပြင် သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " သဘာဝရဲ့အလှသစ္စာ တရားတွေက ရိုးစင်းတယ် လူတွေက မာယာများတယ်နော် ချစ်သူ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း ကိုပေါက်ရဲ့ ပုံလေးတွေကို ကြည့်ရှု့စေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Photo credit - Aung Min Naing 's FB account
Source - Aung Min Naing 's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။