အလှဖန်တီးရှင်မလေးဖြစ်တဲ့ ဟန်နာယူရီ ဟာဆိုရင် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်ပြီလည်းဖြစ်ပါတယ်။ မိတ်ကပ်ပညာမှာလည်းထူးချွန်တဲ့ သူလေးတစ်ယောက်ဖြစ်ပြီး  အနုပညာလှုပ်ရှားမှုတွေကလည်း Music Album တွေထဲမှာ ပါဝင်သရုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။ သူမဟာ ကိုရီးယားမင်းသမီးလေး တစ်ယောက်လိုလည်း ချောမောလှရက်လွန်းနေပြီး သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးကို ပိုင်ဆိုင်ထားတဲ့သူလေးပါနော်..။

Photo Credit - Hannayuri Facebook Page
Photo Credit - Hannayuri Facebook Page

ဒါ့အပြင် ဟန်နာယူရီဟာ ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် လူငယ်တွေကြားမှာ ရေပန်းစားပြီး မိန်းကလေးပရိတ်သတ်တွေရဲ့ အားကျအချစ်ခင်မှုကို ခံနေရတာဖြစ်ပါတယ်။ သူမဟာ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ဘယ်လိုဖက်ရှင်မျိုးကို မဆို လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တာကိုလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ဟန်နာယူရီက ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအလွမ်းပြေအောင်တင်ပေးလာခဲ့ပါတယ်။

Photo Credit - Hannayuri Facebook Page
Photo Credit - Hannayuri Facebook Page

ဒီပုံလေးတွေထဲမှာတော့ ဟန်နာယူရီ က ရိုးရှင်းအေးချမ်းတဲ့မြန်မာဆန်ဆန် ဝတ်စုံလေးကိုဝတ်ကာ မြင်သူတိုင်း ချစ်အားပိုအောင် ဖမ်းစားလိုက်ပြန်ပါပြီနော်..။ ဒါ့အပြင် ရင်ခုန်စရာကောင်းလှတဲ့ အပြုံးချိုချို လေးတွေကတော့ တစ်မျိုးလေး ဆွဲဆောင်မှုရှိတာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း ရိုးရိုးယဉ်ယဉ် လေးနဲ့ ကျက်သရေရှိရှိ လှရက်လွန်းနေတဲ့ ဟန်နာယူရီ လေးရဲ့ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Hannayuri Facebook Page
Photo Credit - Hannayuri Facebook Page

Photo Credit - Hannayuri Facebook Page

Source - Hannayuri's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။