ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်သရုပ်ဆောင် ရွှေထူးကတော့ ကြွေလောက်စရာ အမိုက်စားသီချင်းစာသားလန်းလန်းလေးတွေနဲ့ လူငယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

မင်းသမီးချောလေး ရွှေမှုံရတီနဲ့အတူ အားကျရလောက်အောင် ကြည်နူးစရာအိမ်ထောင်ရေးလေးကို လက်တွဲညီညီပိုင်ဆိုင်ထားတဲ့ ရွှေထူးကတော့ သူ့ရဲ့သီချင်းကောင်းလေးတွေဟာ ပရိသတ်တွေကြား အမြဲရေပန်းစားသလို သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေ အပြည့်အဝရရှိထားတာပါ..။

Photo Credit - Htoo Khant's Fb Account
Photo Credit - Htoo Khant's Fb Account

သူတို့ဇနီးမောင်နှံရဲ့စုံတွဲပုံလေးတွေအပြင် အနုပညာလှုပ်ရှားမှုလေးတွေကိုပါ အမြဲမျှဝေလေ့ရှိတဲ့ ရွှေထူးကတော့ အခုတစ်ခါမှာလည်း သူ့ရဲ့ယ်ဘဝပုံရိပ်လေးကို ဝေမျှရင်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

ထိုင်ခုံမှာထိုင်ရင်း စီးကရက်ကို လက်ကြားညှပ်ကာ အထာကျကျပို့စ်ပေး ဓာတ်ဖမ်းထားတဲ့ ရွှေထူးကတော့ ကလေးဘဝကတည်းက ချစ်ဖို့ကောင်းနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။

Photo Credit - Htoo Khant's Fb Account
Photo Credit - Htoo Khant's Fb Account

"ငယ်ငယ်ကပုံတွေအများကြီးရှာမတွေ့ဘူး... တွေ့တဲ့ဟာတွေကျ ဝါးတာတွေနဲ့...

ဒီပုံကိုတော့သဘောကျတယ်..." ဆိုပြီး ငယ်ငယ်က အမှတ်တရဓာတ်ပုံလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ငယ်ငယ်လေးကတည်းက အထာကျကျ အမိုက်စားလေး ဓာတ်ဖမ်းထားတဲ့ ရွှေထူးရဲ့ ငယ်ဘဝပုံရိပ်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာ အသေအချာပါပဲနော်..။

Photo Credit - Htoo Khant's Fb Account

Source & Photo Credit - Htoo Khant's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။