ပရိသတ်ကြီးရေ မင်းသမီး စမိုင်းလ် ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံး ရပ်တည်လာပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ မင်းသမီး စမိုင်းလ် က အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေမယ့် ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေတာကိုတွေ့ပါတယ်။ စမိုင်းလ်ကတော့ စိတ်သဘောထားပြည့်ဝပြီး စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ ပြေဆိုတက်တဲ့သူပဲဖြစ်ပါတယ်။

Photo Credit - Huto
Photo Credit - Huto

ဒါ့အပြင် စမိုင်းလ်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးထားကာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်တို့ မိသားစုလေးက ကရင်ပြည်နယ်ကို အပန်းဖြေခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း စမိုင်းလ်က ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ဖိုးတစ်ခေတ်ရွာလေးမှာ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Huto
Photo Credit - Huto

ဒီပုံလေးတွေ ထဲမှာတော့ စမိုင်းလ်က လွတ်လပ်ပေါ့ပါးတဲ့ ဂါဝန်လေးကို ဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အိုင်တင်လေးတွေနဲ့ အထာကျကျ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း စမိုင်းလ်က " ဖိုးတစ်ခေတ်ရွာလေးမှာလှလို့ရိုက်ပြီးမှ အရင်ကအုတ်ဂူလေးတွေဆိုတာသိလိုက်ရတော့ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကရင်ပြည်နယ်ရဲ့ သဘာဝအလှတရားနဲ့ ဓာတ်ဖမ်းထားတဲ့ စမိုင်းလ် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Huto
Photo Credit - Huto

Photo Credit - Huto

Source - စမိုင်းလ် fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။