ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ကတော့ မိတ်ကပ်ပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်တွေပါပဲ..။

ချစ်စရာကောင်းကြတဲ့ သူမတို့နှစ်ယောက်ကတော့ မိတ်ကပ်ပညာပိုင်းမှာအပြင် ရယ်စရာအခွီဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြီး ပွင့်လင်းတဲ့စကားပြောဟန်ပန်တွေကလည်း သူမတို့ရဲ့ဆွဲဆောင်မှုလေးတွေဆိုလည်း မမှားပါဘူးနော်..။

Photo Credit - Lin Lin's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Lin Lin's Fb Acc

တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ရယ်စရာလေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုအောင် ဖမ်းစားတတ်ကြတဲ့ သုသုနဲ့ လင်းလင်းတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း ခွီနေကြသူလေးတွေလည်း ဖြစ်ပါတယ်နော်..။

ဇာတ်ကားတွေပါ အတူရိုက်ကူးပြီး အမြဲအတွဲညီကြတဲ့ သူတို့နှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း ပီဇာတွေအတူစားရင်း အခွီပို့စ်လေးတွေပေးကာ ပျော်နေကြပြန်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Lin Lin's Fb Acc
Photo Credit - Lin Lin's Fb Acc
Photo Credit - Lin Lin's Fb Acc

နှစ်ယောက်အတူပီဇာစားရင်း တစ်ယောက်နဲ့တစ်ယောက် ခွံ့ကျွေးရင်း အခွီပို့စ်လေးတွေနဲ့ ရယ်မောပျော်ရွှင်နေကြတဲ့ သုသုနဲ့လင်းလင်းတို့ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာလေးတွေပါပဲ ပရိသတ်ကြီးရေ..။

ဆွဲဆောင်ရှိတဲ့ ဖက်ရှင်လေးတွေနဲ့ အလှကိုယ်စီလှနေကြပြီး အခွီလေးတွေနဲ့ မြင်တွေ့ရတဲ့ အချစ်တော်လေးနှစ်ယောက်ကိုတော့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Lin Lin's Fb Acc

Source & Photo Credit - Lin Lin's Fb Acc & Nyi Nyi Maung's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။