မော်ဒယ်စူးရှထက်ကတော့ ပုရိသတွေရဲ့ ရင်ခုန်နှုန်းကို မြန်ဆန်သွားအောင် ပြုစားနိုင်တဲ့သူလေးပဲဖြစ်ပါတယ်။အနုပညာလောကမှာ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောက်နေတာဖြစ်ပါတယ်။Fashion ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့အပြင် လိုင်းပေါ်မှာလည်း ချစ်ပရိသတ်တွေကို Liveလွှင့်ပြီး ရောင်းချတာဖြစ်ပါတယ်နော်။

Photo Credit:Zar Chi's Facebook Account
Photo Credit:Zar Chi's Facebook Account

စူးရှထက်က စိတ်ထားလေးလည်းပြည့်ဝပြီး အားနည်းသူကိုလည်း ကူညီဖေးမတတ်ပါတယ်။အလှူအတန်းဆိုလည်း တတ်နိုင်သလောက်ကို မကြာခဏလှူဒါန်းနေတာဖြစ်လို့ သူမရဲ့စိတ်ထားလေးကို ပရိသတ်တွေက ချီးကျူးကြပါတယ်နော်။စူးရှထက်က လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်ပြီး ရိုးရှင်းပွင့်လင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Zar Chi's Facebook Account
Photo Credit:Zar Chi's Facebook Account
Photo Credit:Zar Chi's Facebook Account

အခုဆိုရင်တော့ စူးရှထက်က ပကာသနမပါဘဲ ရိုးရှင်းတဲ့အိမ်နေရင်းဝတ်စုံလေးကိုဝတ်ပြီး ပေါ့ပေါ့ပါးပါး ဈေးဝယ်ထွက်ခဲ့တာဖြစ်ပါတယ်။စူးရှထက်ကတော့"နေချင်သလိုနေတယ် သွားချင်တဲ့နေရာသွားတယ် ကိုယ်ဆိုတာလဲသူတို့မသိ အဝတ်အစားအပေါ်ယံကြည့်ပြီး အဖက်မလုပ်ချင်တဲ့လူတွေကြောင့် သင်ခန်းစာတွေအများကြီးခဏခဏရလို့ ကျေနပ်တယ်"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Zar Chi's Facebook Account
Photo Credit:Zar Chi's Facebook Account

Source&Photo Credit:Zar Chi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။