ချစ်စရာကောင်းပြီး သရုပ်ဆောင်လည်းကောင်းသလို အနေအေးတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အမြဲအချစ်ပိုနေကြရသူလေးကတော့ အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်နော်..။

စိုးညီအစ်မတွေထဲ တစ်ယောက်ဖြစ်တဲ့ စိုးပြည့်လေးကတော့ အငယ်ဆုံး အထွေးဆုံးလေးဖြစ်တဲ့အတိုင်း ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ချစ်စရာအပြုံးလှလှလေးတွေအပြင် အေးချမ်းတဲ့အလှတရားလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါပဲ..။

Photo Credit - Soe Pyae Thazin's Fb Page
Photo Credit - Soe Pyae Thazin's Fb Page

ယောကျ်ားလေးမိန်းကလေး မရွေး အားလုံးက ချစ်ခင်နေကြတဲ့ စိုးပြည့်လေးဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သလို အဆိုပိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အသံချိုချိုလေးကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ထပ်မံရရှိထားပါသေးတယ်နော်..။

Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာအလုပ်တွေ နည်းပါးနေတဲ့ အချိန်မှာလည်း စိုးပြည့်လေးက သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း လွမ်းလွမ်းဆွေးဆွေးလေး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာ တွေ့ရပါတယ်နော်..။

Photo Credit - Soe Pyae Thazin's Fb Page
Photo Credit - Soe Pyae Thazin's Fb Page

"မိုးးးးးမိုးများသည်းရင်တမျိုးးးး" ဆိုပြီး လွမ်းဆွေးကာ မိုးရွာတာကို ငေးမောနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို စိုးပြည့်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပါတယ်..။

အပြင်သွားရင်း မိုးရွာတာလေးကို ကားပေါ်ကနေ လွမ်းလွမ်းဆွေးဆွေးလေး ငေးမောကာ အလွမ်းရာသီလို့ တင်စားထားရတဲ့ မိုးရာသီရဲ့ ရသလေးကို ဖော်ကျူးလိုက်တဲ့ စိုးပြည့်ရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း နှစ်သက်သဘောကျမှာပါနော်..။

Photo Credit - Soe Pyae Thazin's Fb Page
Photo Credit - Soe Pyae Thazin's Fb Page

Source & Photo Credit - Soe Pyae Thazin's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။