အကယ်ဒမီဆုရှင် မင်းသမီးချောလေး ချောရတနာကတော့ အနုပညာအလုပ်တွေကို နှစ်နဲ့ချီကြာအောင် ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ချောရတနာက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ချောရတနာက ကြော်ငြာလေးတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ ချောရတနာက အခုချိန်အထိ အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ် ။ မိခင်ကောင်းတစ်ယောက်ပီသစွာ နေထိုင်နေတဲ့ ချောရတနာက သားလေးနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ် ။ ချောရတနာက သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးတတ်ပြီး အခုလည်း သစ်တံခါးဆရာတော်ဘုရားကို ရိုသေစွာကန်တော့နေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Story

ချောရတနာက သစ်တံခါးဆရာတော်ဘုရားကြီးကို အနီးကပ်ဖူးမြော်ခွင့်ရခဲ့ပြီး အမှတ်တရပုံလေးတွေရိုက်ကာ မျှဝေထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘုန်းဘုန်းပိုက်ဆံကြဲတဲ့အခါမှာလည်း ချောရတနာက ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ တစ်ထောင်တန်နဲ့ငါးရာတန်တွေကို အရကောက်နိုင်ခဲ့လို ပြုံးပျော်ခဲ့ရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီး ချောရတနာရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Chaw Yadanar's FB Story 

Photo Credit-Chaw Yadanar's FB Story
Photo Credit-Chaw Yadanar's FB Story
Photo Credit-Chaw Yadanar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။