အကယ်ဒမီစိုးမြတ်သူဇာ၊အကယ်ဒမီစိုးမြတ်နန္ဒာနဲ့စိုးမြတ်ကလျာတို့ ညီအစ်မသုံးယောက်ကတော့ တစ်ခေတ်မှာ အနုပညာလောကရဲ့ကြယ်ပွင့်သုံးပွင့်ဖြစ်ခဲ့ပါတယ်နော်။စိုးညီအစ်မသုံးယောက်လုံးက တစ်ယောက်တစ်မျိုးစီအရမ်းလှကြပြီး ကိုယ်ပိုင်ဟန်လေးတွေကြောင့် ပရိသတ်တွေကလည်း သုံးယောက်လုံးကို အားပေးချစ်ခင်ကြပါတယ်နော်။လက်ရှိမှာတော့ မကြီးစိုးသာလျှင် အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

စိုးမြတ်နန္ဒာကတော့ မင်းသမီးပိုးထည်တိုက်ကို ဦးစီးဆောင်ရွက်ပေးနေတာဖြစ်ပြီး စိုးမြတ်ကလျာကတော့ မိဘနှစ်ပါးရဲ့ဝေယျာဝစ္စတွေကို သူမကိုယ်တိုင်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။စိုးမြတ်ကလျာက ဖေဖေနဲ့မေမေ ထမင်းစားရင်လည်း ဘေးနားကနေပြီး လိုအပ်တာလေးတွေကို လုပ်ပေးတတ်တာပါနော်။သမီးသုံးယောက်လုံးကလည်း လိမ္မာရေးခြားရှိကြပြီး သိတတ်ကြလို့ မိဘနှစ်ပါးကတော့ အမြဲစိတ်ချမ်းသာပျော်ရွှင်ရကာ အရွယ်တင်နုပျိုနေတာဖြစ်ပါတယ်။

Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

လတ်တလောမှာတော့ စိုးမြတ်ကလျာက သွားကြားညှပ်လို့ သွားကြားထိုးတံနဲ့ အပေါ်သွားကြားတွေထဲ ထိုးတာကြောင့် မျက်နှာလေး ယောင်လာရတာဖြစ်ပါတယ်။စိုးမြတ်ကလျာလည်း ဆေးခန်းသွားပြလိုက်ပြီး နည်းနည်းသက်သာလာကာ အခုဆိုရင်တော့ နောက်တစ်ခါ ဆရာဝန်ရက်ချိန်းကိုပြန်လာပြရတာဖြစ်လို့ သူမရဲ့မိခင်ကလည်း သမီးလတ်လေးနောက်ကိုလိုက်ပြီး မိခင်မေတ္တာအပြည့်အဝနဲ့ဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

Source&Photo Credit:Soe Kyi Phyu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။