ပရိတ်သတ်ကြီးရေ အမိုက်စားသီချင်းစာသားလေးတွေနဲ့ ခပ်မိုက်မိုက်rapလေးတွေကိုပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ စန္ဒီမြင့်လွင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုတတ်သူတစ်ယောက်လည်းဖြစ်ပြီး တစ်ကိုယ်တော်အယ်လ်လမ်များစွာကိုလည်း ထုတ်လုပ်ထားနိုင်သူလည်းဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ ဗီဒီယိုဇာတ်ကားများစွာကိုလည်းရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ထူးချွန်သူလည်းဖြစ်ပါတယ်။

Photo Credit-Thidar Khin's Facebook acc
Photo Credit-Thidar Khin's Facebook acc

စန္ဒီမြင့်လွင်ဟာ ချစ်စရာကောင်းတဲ့မိသားစုဘဝကိုလည်းတည်ထောင်ထားတာဖြစ်ပြီး သူမချစ်ရတဲ့ခင်ပွန်းရယ် သမီးလေးထရက်ရှာရယ်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။ Treasureလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကိုချစ်မွှေးပါလွန်းပြီး ပါးဖောင်းဖောင်းလေးနဲ့အသည်းယားစရာကောင်းနေတာပါနော်။ ပရိတ်သတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားတဲ့ ထရက်ရှာလေးဟာအခုဆိုရင် အသက်တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

Photo Credit-Thidar Khin's Facebook acc
Photo Credit-Thidar Khin's Facebook acc

Treasureလေးရဲ့တစ်နှစ်ပြည့်မွေးနေ့လေးကို နေအိမ်မှာပဲမိသားစုနဲ့အတူပျော်ပျော်ပါးပါးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းလေးကို Treasureလေးရဲ့ ဘွားဘွားဖြစ်သူဟာ သူမရဲ့Facebookစာမျက်နှာတွင် "မြေးမလေးTreasure တနှစ်ပြည့်ပီ" ဆိုတဲ့captionလေးနဲ့ မွေးနေ့ပွဲကအမှတ်တရပုံလေးတွေနဲ့ဗီဒီယိုလေးတွေကိုတင်ပေးလာပါတယ်။ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thidar Khin's Facebook acc
Photo Credit-Thidar Khin's Facebook acc

Source-Thidar Khin's Facebook acc

Photo Credit-Thidar Khin's Facebook acc 

Video credit-Thidar Khin's Facebook acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။