ပရိသတ်ကြီးရေ.. အနုပညာလောကမှာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူထားတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်ကတော့ သဘာဝသရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပီပြင်မှုတွေကြောင့် အောင်မြင်မှုတွေများစွာရရှိထားတဲ့ အကယ်ဒမီ ဦးကျော်ဟိန်းပဲ ဖြစ်ပါတယ်နော်..။

ပြီးခဲ့တဲ့နှစ်တွေကတည်း အနုပညာအလုပ်တွေကို စွန့်ခွာကာ သာသနာ့ဘောင်ဝင်ရောက်ခဲ့တဲ့ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ဟာ တူဖြစ်သူ ဒွေးကွယ်လွန်ခြင်း (၁၃)နှစ်ပြည့်တဲ့ ဇူလိုင်လ(၁၁)ရက်နေ့မှာပဲ ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါတယ်နော်..။


Photo Credit – Yone Lay’s Fb Account
Photo Credit – Thar Nyi’s Fb Account

တူဖြစ်သူ ကိုသားကြီး(ဒွေး) ကွယ်လွန်တာ (၁၃)နှစ်ပြည့်တဲ့နေ့မှာပဲ ပျံလွန်တော်မူသွားတာဟာ တိုင်ဆိုင်မှုတစ်ခုဖြစ်သလို ပျံလွန်တော်မူပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ဇူလိုင်လ(၁၄)ရက်နေ့ဟာလည်း ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း)ရဲ့ သက်တော်(၇၃)နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်နော်..။

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဦးဇင်းရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ အသက်(၇၃)နှစ်ပြည့် မွေးနေ့လေးမှာ တူဖြစ်သူ သားညီကလည်း ဦးလေးဖြစ်သူအတွက် အလှူလေးတွေပြုလုပ်ကာ ရည်စူးကုသိုလ်လေးတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်နော်..။


Photo Credit – Thar Nyi’s Fb Account
Photo Credit – Thar Nyi’s Fb Account

မိသားစုတွေနဲ့အတူ အာရုံဆွမ်းလေး ကပ်လှူ လှူဒါန်းကာ ရည်စူးကုသိုလ်လေး ပြုလုပ်ပေးခဲ့တာဖြစ်ပြီး သတိရလွမ်းဆွတ်ခြင်းတွေနဲ့ ဝမ်းနည်းစိတ်မကောင်းစွာ ပြုလုပ်ပေးခဲ့ကြတဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှထားပါတယ်နော်..။

“July 14

ဦးဇင်းကြီးမွေးနေ့ မှာ

ကျန်ရစ်သူ ညီ အစ်ကို မောင်နှစ်မများနဲ့

တူ တူမများက

သံဃာတော်များကို

အာရုဏ်ဆွမ်း ကပ်လှူပူဇော်ပါတယ် ...

ပြုသမျှ ကုသိုလ်အပေါင်းကို

အမျှပေးဝေပါတယ် ခင်ဗျာ ...” ဆိုပြီး ရည်စူးကုသိုလ်လေး ပြုလုပ်ပေးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit – Thar Nyi’s Fb Account
Photo Credit – Thar Nyi’s Fb Account

Source & Photo Credit – Thar Nyi’s Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။