ပရိသတ်တွေ အားကျနေရတဲ့ စံပြအတွဲလေးကတော့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံအတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို အရမ်းချစ်ကြတဲ့ အတွဲလေးပဲ ဖြစ်ပါတယ်။ နှစ်ယောက်အတူ နားလည်ဖေးမမှုတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို အတူဖန်တီးတည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။

Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account

မကြာသေးခင်ကလည်း သူတို့နှစ်ယောက်အတူ သီဆိုထားတဲ့ မိုးစက်များက ပြောသော ဆိုတဲ့ Music Video လေး ထွက် ရှိထားတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ လတ်တလောမှာ ပရိသတ်တွေရဲ့ အားပေးကြည့်ရှုမှု သန်းပေါင်းများစွာ ကျော်နေပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ မကြာခင်ကလည်း Anniversary နေ့လေးကို ရိုမက်တစ်ဆန်ဆန် အတူ ဖြတ်သန်း ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ရွှေထူးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account

ဒါကတော့ သိူကြိုက်တဲ့ ဖိနပ်လေးကို anniversary လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ချစ်ဇနီးလေးကို ချစ်မဝဖြစ်နေတဲ့ ရွှေထူးရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက် နှစ် ၁၂၀ တိုင်အောင် အမြဲမခွဲဘဲ ရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd - Htoo Khant's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။