ပရိသတ်ကြီးရေ မိတ်ကပ်လင်းလင်းကတော့ မိတ်ကပ်ပညာရှင်အဖြစ်ရပ်တည်နေတာဖြစ်ပြီး အနုပညာရှင်အများအပြားကလည်း သူမကိုအားကိုးနေကြတာဖြစ်ပါတယ်။လင်းလင်းကလည်း အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားတဲ့ Professional တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားသေးတာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်နော်။

Photo Credit:Lin Linn's Facebook Account
Photo Credit:Lin Linn's Facebook Account
Photo Credit:Lin Linn's Facebook Account

လင်းလင်းက တကယ့်မိန်းကလေးအစစ်လို အသားအရည်လေးကလည်းနူးညံ့ပြီး သေးသွယ်တဲ့ခန္ဓာကိုယ်အလှလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ညီညီမောင်၊မထက်၊မကြီးစန်းတို့နဲ့လည်း အရမ်းခင်မင်ရင်းနှီးလို့ သူတို့ကိုလည်း စနောက်နေတတ်တဲ့သူပါနော်။လင်းလင်းရဲ့ဟာသလေးတွေကြောင့် ပရိသတ်တွေကလည်းပျော်ရပြီး သူမကိုပိုပိုချစ်လာနေရတာဖြစ်ပါတယ်။

Photo Credit:Lin Linn's Facebook Account
Photo Credit:Lin Linn's Facebook Account

အခုလတ်တလောမှာဆိုရင်တော့ လင်းလင်းက နန္ဒာလှိုင်တို့မိသားစုပိုင်ဆိုင်တဲ့ ဇွဲကပင်ဟိုတယ်ကိုသွားရောက်ပြီး အနားယူကာ စိတ်အေးအေးချမ်းချမ်းနဲ့အပန်းဖြေနေတာဖြစ်ပါတယ်။လင်းလင်းက နန္ဒာလှိုင်တို့ဇနီးမောင်နှံနဲ့လည်း အမှတ်တရဓာတ်ပုံလေးကို ရိုက်ပြီး ကျယ်ဝန်းလှတဲ့ဇွဲကပင်ဟိုတယ်အတွင်းမှာ အမိုက်စားစတိုင်လ်နဲ့ လှပနေတာဖြစ်ပါတယ်။စိမ်းစိုလှပနေတဲ့ ပတ်ဝန်းကျင်လေးမှာ ဆွဲဆောင်မှုအပြည့်နဲ့လှပနေတဲ့ လင်းလင်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Lin Linn's Facebook Account
Photo Credit:Lin Linn's Facebook Account
Photo Credit:Lin Linn's Facebook Account

Source&Photo Credit:Lin Linn's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။