အနုပညာလောကမှာ ဆယ်စုနှစ်လောက်ထဲက အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ သူကတော့ မင်းသမီးချော အေးဝတ်ရည်သောင်း လေးပါပဲနော်..။ သူမကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် အပီပြင် သရုပ်ဆောင်နိုင်တာကိုလည်း တွေ့ရပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်အများက ချစ်စနိုးလေးနဲ့ မအေးသောင်း လို့လည်း ခေါ်တက်ကြပြီး ပရိသတ်တွေ ချစ်အားပိုနေရသူပါ။

Photo Credit - Aye Wutyi Thaung
Photo Credit - Aye Wutyi Thaung

မအေးသောင်း ကတော့ ယနေ့ အချိန်ထိလည်း အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် မအေးသောင်း ဟာဆိုရင် အသက် ၄၀ ကျော်ရှိနေပြီး ထင်မှတ်မထားရလောက်တဲ့ ငယ်ရွယ်နုပျိုလွန်းနေတဲ့ ပင်ကိုယ်အလှတရားတွေကြောင့် ပျိုမဒီလေး အားကျနေရတာဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ မအေးသောင်း က အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aye Wutyi Thaung
Photo Credit - Aye Wutyi Thaung

ဒီပုံလေးတွေထဲမှာတော့ မအေးသောင်း က ခြံထဲမှာ ရှိတဲ့ သဘာဝပန်းပင်လေးတွေနဲ့ အတူ ဆွဲဆောင်မှုရှိတဲ့ အိုင်တင်လေးတွေဖြစ် မြင်သူတိုင်းရင်ခုန်သွားရလောက်တဲ့ ချစ်စရာ ပုံရိပ်လေတွေ ပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မအေးသောင်း က " ကိုယ်က ယူတို့အတွက် သစ်ပင်လေးတွေစိုက်မယ်..ယူတို့က ကိုယ့်အတွက် အချစ်ပင်လေး ပြန်စိုက်ပေးမလား..သစ်ပင်လေးတွေနဲ့ အချစ်တွေပွားပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိမ်းသိမ်းကြမယ်လေ ပုံထဲက အပင်လေးတွေရဲ့ နာမည်တွေသိလား ဖြေကြည့် ဒီလိုအပင်မျိုးလေးတွေ အိမ်မှာစိုက်ထားရင်လည်း Comment မှာ လာပြလှည့်နော်.." ဆိုပြီး ပရိသတ်တွေကို မေးခွန်းထုတ်ထားပါသေးတယ်။ ကဲ ချစ်ပရိသတ်ကြီး ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aye Wutyi Thaung

Photo Credit - Aye Wutyi Thaung

Source - Aye Wutyi Thaung's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။