သရုပ်ဆောင် K ညီကတော့ ဗီဒီယိုဇာတ်ကားတွေမှာရော ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ K ညီအနေနဲ့ မာန်မာနကင်းပြီး ပွင့်လင်းဖော်ရွေတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားပြန်ပါတယ်။ K ညီက အနုပညာအလုပ်အပြင် စီးပွားရေးကိုလည်း အာရုံစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-K Nyi's FB Acc
Photo Credit-K Nyi's FB Acc
Photo Credit-K Nyi's FB Acc

သားလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ K ညီက အလုပ်ကြိုးစားသလို မိသားစုအပေါ်မှာရော မိခင်အပေါ်မှာပါ တာဝန်ကျေပွန်သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ K ညီက အမျိုးသားဝတ် ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး ကိုယ်တိုင်ဦးစီးရောင်းချနေတာဖြစ်ပါတယ်။ ဟာသဉာဏ်ရွှင်သလို ပျော်ပျော်လည်းနေတတ်တဲ့ K ညီကတော့ အခုလည်း အခွီဗီဒီယိုလေးနဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့ပြန်ပါတယ်။

Photo Credit-K Nyi's FB Acc
Photo Credit-K Nyi's FB Acc
Photo Credit-K Nyi's FB Acc

K ညီက သူငယ်ချင်းနှစ်ယောက်နဲ့အတူ အခွီပုံစံ Tik Tok ကစားပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ K ညီတို့သုံးယောက်ကတော့ လူဆိုး၊လူမိုက်တွေဆိုပြီး ဂိုက်ပေးကြမ်းနေရင်းကနေ ချက်ချင်းဆိုသလို ပုံစံပြောင်းပြီး အပီအပြင်နွဲ့ပြလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အူတက်အောင်ရယ်မောနေရမယ့် K ညီတို့သုံးယောက်ရဲ့အခွီတလိုင်း ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-davidknyi's Tik Tok Acc 

Photo Credit-K Nyi's FB Acc
Photo Credit-K Nyi's FB Acc
@davidknyi

original sound - David K Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။