ပရိသတ်ကြီးရေ ဟာသဇာတ်ပို့သရုပ်ဆောင် ကိုပေါက်ကတော့ အများနဲ့မတူတဲ့ အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အလွမ်း အဆွေး အချစ် အမုန်း စတာတွေကိုလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်သလို ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဘက်စုံတော်တဲ့ ကိုပေါက်က အမြဲအနုပညာအသစ်အဆန်းတွေကို ချပြပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

Photo credit - Aung Min Naing 's FB account
Photo credit - Aung Min Naing 's FB account

လတ်တလောမှာတော့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ကိုပေါက်ရဲ့ Tiktok ဗီဒီယိုတွေနဲ့ ကိုယ်ပိုင် စိတ်ကူးဉာဏ်နဲ့ ရိုက်ကူးထားတဲ့ ဟာသ ဗီဒီယိုဖိုင်လေးတွေက ပရိသတ်တွေကြားရေပန်းစားလူကြိုက်များနေတာကိုလည်း တွေ့ရပါတယ် ။ အနုပညာလှုပ်ရှားမှုတွေက တဖက် မိသားစုအရေးမှာလည်း အရေးပါသူတစ်ယောက်ဖြစ်တဲ့ ကိုပေါက်က မကြာသေးမီအချိန်က မိသားစုနဲ့အတူ မန္တလေးမြို့ကို အလည်အပတ်သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo credit - Aung Min Naing 's FB account
Photo credit - Aung Min Naing 's FB account

သွားရောက်လည်ပတ်ခဲ့တဲ့ မန္တလေး မြို့ကြီးက ယခင်ကနဲ့ လုံးဝမှ မတူတော့ပဲ ပြောင်းလဲတိုးတက်နေတဲ့အကြောင်းကို ကိုပေါက်က သတင်းတက်ဆက်တဲ့ ပုံစံသရုပ်ဆောင်ကာ စကားလုံးအဆန်းလေးတွေသုံးပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကြည့်ရင်း ရယ်မောပျော်ရွှင်စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.. ။ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်ကြီးက Commentမှာ တစ်ခုခုရေးသားခဲ့ပါဦးနော်..... ။ 

Photo credit - Aung Min Naing 's FB account
Photo credit - Aung Min Naing 's FB account

Photo credit - Aung Min Naing 's FB account

Source  - Aung Min Naing 's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။