မင်းသားချော ကျော်ကျော်ကတော့ ပျော်ပျော်နေတတ်ပြီး အခွီတွေပြောလေ့ရှိတာကြောင့် သူနဲ့တွေ့ဆုံသူတိုင်း ရယ်မောပျော်ရွှင်ရတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်ပြီး ဇာတ်ကားတွေ အများအပြား ရိုက်ကူးခဲ့တဲ့ ကျော်ကျော့်ကို ပရိသတ်တွေကလည်း အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ကျော်ကျော်ကတော့ သူငယ်ချင်းဖြစ်သူ ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦးတို့နဲ့ပေါင်းပြီး ဟာသဗီဒီယိုတွေလည်း ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-"N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ " FB Page
Photo Credit-"N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ " FB Page

ကျော်ကျော်၊ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ကတော့ အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ဟာသဗီဒီယိုလေးတွေကို အတွဲညီညီရိုက်ကူးလေ့ရှိသလို တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းစနောက်နေကြတဲ့ ကျော်ကျော်တို့သူငယ်ချင်းတစ်စုကတော့ တကယ့်ကို ပျော်စရာကောင်းနေတာ ဖြစ်ပါတယ် ။ အခုလည်း ကျော်ကျော်က မိသားစုတွေရှိရာ သူရဲ့အိမ်လေးကိုပြန်တုန်းမှာ သူငယ်ချင်းဖြစ်သူ ဆုမြတ်နိုးဦးကလည်း အတူလိုက်သွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc

ဆုမြတ်နိုးဦးကတော့ ကျော်ကျော်တို့အိမ်ကို အလည်လိုက်သွားပြီး မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ပါးပါး ညစာစားခဲ့တာလည်း ဖြစ်ပါတယ် ။ လူစုံတက်စုံနဲ့ ဟော့ပေါ့လုပ်စားရင်း ညစာစားနေကြတဲ့ ကျော်ကျော်တို့မိသားစုလေးကလည်း တကယ့်ကိုပျော်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သူငယ်ချင်းနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Kyaw Naing Oo's Tik Tok Acc

Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc
@2153221028

you would not believe your eyes - mr.mealtica

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။