အနုပညာလောကမှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ မင်းသားချောလေး ကျော်ထက်ဇော် လေးပဲဖြစ်ပါတယ်။ ကျော်ထက်ဇော် ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း သိမ်းပိုက်ယူနိုင်ခဲ့တဲ့ မင်းသားချောလေးဆိုရင်လည်း မမှားပါဘူးနော်...။ ဒါ့အပြင် ကျော်ထက်ဇော် ဟာဆိုရင် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲချစ်ရတဲ့ သူလည်းဖြစ်ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

လက်ရှိမှာတော့ ကျော်ထက်ဇော် ဟာ လတ်ရှိမှာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေး ကျော်ထက်ဇော် ခရီးတွေ ဆက်တိုက် ဆိုသလို သွားရောက်တာဖြစ်ပါတယ်။ ယခုဆိုရင်လည်း လွမ်းနေတဲ့ ချစ်ပရိသတ်တွေ အတွက် ခရီးသွားရင် အမှတ်တရ အနေနဲ့ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ဒီပုံလေးတွေထဲမှာတော့ မင်းသား ကျော်ထက်ဇော် က နှုတ်ခမ်းနီမလေးတွေ အသည်းကြွေအောင် ဆွဲဆောင်မှုရှိတဲ့ အကြည့်လေးတွေအပြင် ချစ်စရာအမူရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေနဲ့လည်း ကျော်ထက်ဇော် က " နေဝင်ချိန်ဆို ပိုလွမ်းသလိုလို ကျွန်တော်လို လွမ်းနေမလား " ဆိုပြီး ပရိသတ်တွေ ချစ်အားပိုအောင် ရေးသားထားပါသေးတယ်။ ကဲ..ကျော်ထက်ဇော် ကို လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။