အနုပညာလောကထဲကို ရောက်ရှိတာမကြာသေးပင်မယ့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အောင်မြင်မှုတွေ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ပရိသတ်အချစ်တော် အူဝဲရဲ့ တူမတော်စပ်ပြီး အဒေါ်ဖြစ်သူနဲ့အတူ ကြော်ငြာလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ ကလေးဆန်တဲ့ ပုံစံလေးကလည်း ပရိသတ်တွေကို ပိုပြီး ချစ်မဝဖြစ်စေတာလည်း ဖြစ်ပါတယ်။

Photo Crd- May Toe Khine’s Facebook Account
Photo Crd- May Toe Khine’s Facebook Account
Photo Crd- May Toe Khine’s Facebook Account

မေတိုးခိုင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အပန်းဖြေခရီးလေးတွေလည်း မကြာခဏ ထွက်လေ့ရှိနေပြီး ပရိသတ်တွေကိုလည်း ခရီးသွားပုံရိပ်လေးတွေ အမြဲလိုလို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း မိသားစုနဲ့အတူ ဆယ်အိမ်တန်း ကမ်းခြေကို သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Crd- May Toe Khine’s Facebook Account
Photo Crd- May Toe Khine’s Facebook Account
Photo Crd- May Toe Khine’s Facebook Account

သူမရဲ့ Instagram Story မှာလည်း ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဆယ်အိမ်တန်းကမ်းခြေကသောင်ပြင်ထက်မှာမမသုသုနဲ့အတူ ဆော့ကစားပျော်ရွှင်နေတဲ့ ဖိုးဓီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ မောင်နှမနှစ်ယောက် ဆော့ကစားနေတာကို မေတိုးခိုင်တစ်ယောက် ဗီဒီယိုလေးခိုးရိုက်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Toe Khine’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။