ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်အိအိတုန်ကတော့ မကြာခင်မှာ နောက်ထပ်ရင်သွေးလေးမွေးဖွားတော့မှာဖြစ်ပြီး စိုပြေသာယာတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။အိအိတုန်က အနုပညာအလုပ်တွေနည်းပါးနေတဲ့အချိန်မှာတော့ Liveလွှင့်ပြီး ဈေးရောင်းတာကြောင့် ပရိသတ်တွေကလည်း အားပေးဝယ်ယူကြတဲ့အပြင် သူမရဲ့သွက်လက်ပွင့်လင်းပုံလေးတွေကိုလည်း ချစ်နေရတာဖြစ်ပါတယ်နော်။

Photo Credit:Ei Tone's Facebook Account
Photo Credit:Ei Tone's Facebook Account

အိအိတုန်ရဲ့ သမီးချောလေးကလည်း အရမ်းချစ်ဖို့ကောင်းပြီး အရုပ်မလေးနဲ့တောင်တူလို့ လူချစ်လူခင်ပေါများနေတဲ့ကလေးလေးဖြစ်ပါတယ်နော်။အိအိတုန်က သမီးလေးကိုလည်း ကျန်းကျန်းမာမာနဲ့လှလှပပလေးကြီးပြင်းလာအောင် သေချာဂရုစိုက်စောင့်ရှောက်ပေးတဲ့အပြင် ဗိုက်ထဲကကလေးလေးအတွက်လည်း ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင် စားသောက်နေထိုင်နေတာဖြစ်ပါတယ်နော်။အိအိတုန်တို့မိသားစုလေးကို ပရိသတ်တွေကလည်း ချစ်ကြပြီး သူမတို့ရဲ့လှုပ်ရှားမှုလေးတွေကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Ei Tone's Facebook Account
Photo Credit:Ei Tone's Facebook Account

အခုဆိုရင်တော့ အိအိတုန်က ချစ်ရတဲ့မိသားစုလေးရယ်၊သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ရေကူးကန်မှာ ပျော်ပျော်ပါးပါးအပန်းဖြေနေပြီး ရေကစားနေတာဖြစ်ပါတယ်။အိအိတုန်ကတော့ ပရိသတ်တွေကိုပါ သူမရဲ့အပျော်လေးတွေကူးစက်သွားအောင်လို့ Live လေးလွှင့်ပြီး စကားတွေပြောနေခဲ့တာဖြစ်ပါတယ်။နောက်ထပ်ရင်သွေးလေးကို ပိုင်ဆိုင်တော့မယ့် မေမေအိအိတုန်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ei Tone's Facebook Account
Photo Credit:Ei Tone's Facebook Account

Source&Photo Credit:Ei Tone's Facebook Account

Video Crdeit:Ei Tone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။