ပရိသတ်ကြီးရေ မင်းသမီးချောလေး နော်ဖောအယ်ထား ကတော့အနုပညာလောကမှာ အချိန်အတိုးအတွင်းနေရာတစ်ခုကိုအခိုင်အမာရပ်တည်ထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ချစ်စရာကောင်းလွန်းတဲ့ အမူရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ ဒါ့အပြင် နော်ဖောအယ်ထား က သွယ်လျကျစ်လျစ်တဲ့ အမိုက်စားခန္ဓာကိုယ်အလှတွေကိုပိုင်ဆိုင်ထားသလို ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့် တစ်မျိုးလေး လှသွေးကြွယ်နေတဲ့ သူလေးပဲဖြစ်ပါတယ်။

Photo credit - Naw Phaw Eh Htar's fb account
Photo credit - Naw Phaw Eh Htar's fb account

နော်ဖောအယ်ထား ဟာဆိုရင် အနုပညာအလုပ်တွေကို မနားတမ်းဆက်တိုက်လုပ်ကိုင်နေရသလို အောင်မြင်မှုတွေနဲ့ အတူ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ ဒါ့အပြင်ကလေးလေးတစ်ယောက်လိုအမြဲတမ်း လွတ်လပ်ပေါ့ပါးကာပြုံးပျော်ရွှင်နေတက်ပြီး ဝတ်စားဆင်ယဉ်မှုတွေမှာလည်းဘယ်လိုဖက်ရှင်မျိုးနဲ့ဖြစ်ဖြစ်လိုက်ဖက်ညီအောင် ဝတ်ဆင်တက်တဲ့ သူပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ချစ်ပရိသတ်တွေ အလွမ်းပြေဖြစ်အောင် ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်.....။

Photo credit - Naw Phaw Eh Htar's fb account
Photo credit - Naw Phaw Eh Htar's fb account

ဒီပုံလေးတွေထဲမှာတော့ ကိုရီးယားမင်းသမီးလေးလို့ထင်မှတ်ရလောက်အောင် ချောမောလှရက်လွန်းနေပြီး ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေနဲ့ လိုက်ဖက်မှုရှိတဲ့ ပန်းရောင်ဝတ်စုံလေးက လေးကတော့ ဆွဲဆောင်မှုရှိတာတွေ့ရပါတယ်။ ဒါ့အပြင် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကတော့ သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်မျိုးလေးလှသွေးကြွယ်ပြီး လှရက်လွန်းနေတဲ့ နော်ဖောအယ်ထားရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးခဲ့ပါဦးနော်.....။

Photo credit - Naw Phaw Eh Htar's fb account
Photo credit - Naw Phaw Eh Htar's fb account

Source & Photo credit - Naw Phaw Eh Htar's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။