ပရိသတ်ကြီးရေ ဟာသလူရွှင်တော် သရုပ်ဆောင် မင်းသားကြီး ခင်လှိုင်ကတော့ သူရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ သမီးလေး သဇင်ထူးမြင့်ကို အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင် ကူညီပံ့ပိုးပေးခဲ့ပြီလည်း ဖြစ်ပါတယ်။ အနေအေးပြီး ရိုးရှင်းတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ သဇင်ထူးမြင့်က အကယ်ဒမီရွှေကြိုမယ်အဖြစ်လည်း ကူညီဆောင်ရွက်ကာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ကြိုးစားလုပ်ကိုင်နေသူတစ်ဦးပါ။

Photo credit - Paing Thaw
Photo credit - Paing Thaw
Photo credit - Paing Thaw

အနုပညာဘက်မှာသာမကပဲ ပညာရေးဘက်မှာလည်း တော်လွန်းတဲ့ သူမက အားလပ်တဲ့အချိန်လေးတွေမှာ သူငယ်ချင်းတွေကို အချိန်ပေးကါ ပျော်ရွှင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း သဇင်ထူးမြင့်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ချစ်ရတဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ယွန်းယွန်း၊ ဝါဆိုမိုးဦးရဲ့ညီမဖြစ်သူ သင်ဇာ၊ ကျော်ရဲအောင်ရဲ့သမီးဖြစ်သူ မှုံနံ့သာ၊ မင်းမော်ကွန်းရဲ့သမီးဖြစ်သူ လေပြေသွေး၊ သရုပ်ဆောင် အရိုင်းရဲ့သမီးဖြစ်သူ ဖြိုးဖြိုးမေတို့နဲ့အတူအမှတ်တရ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပါ..။ 

Photo credit - Paing Thaw
Photo credit - Paing Thaw
Photo credit - Paing Thaw

ချစ်စရာကောင်းပြီး ခင်မင်ရင်းနှီးတဲ့ သူမတို့ရဲ့ ပုံလေးတွေအပြင် သဇင်ထူးမြင့်က " တစ်ယောက်တစ်နေရာစီကနေ ဒီလို သံယောဇဉ်လေးတွေရှိလာမယ်လို့ တခါမှမတွေးမိခဲ့ဘူးလို့ဆိုကာ ငါတို့တွေအချိန်အကြာကြီးထိ အတူတူရှိကြမယ်နော်...အနားကို ရောက်လာပြီး အရမ်းဂရုစိုက်ပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေး ၆ယောက်လုံးကိုအရမ်းချစ်တယ်နော်နောက်ခါDoraမပြန်ခင်လေး ထပ်ရိုက်မယ်"ဆိုပြီးရေးသားထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် သူတို့ရဲ့ပျော်စရာကောင်းတဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo credit - Paing Thaw
Photo credit - Paing Thaw
Photo credit - Paing Thaw
Photo credit - Paing Thaw
Photo credit - Paing Thaw
Photo credit - Paing Thaw

Source - Thazin Htoo Myint's Facebook account 

Photo credit - Paing Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။