မင်းသမီးချောကြီး လင်းဇာနည်ဇော်ကတော့ တစ်ခတ်တခါတည်းက အောင်မြင်မှုရရှိခဲ့တဲ့မင်းသမီးဖြစ်တဲ့အပြင် ယနေ့ထိတိုင်လည်း ပရိတ်သတ်အားပေးမှုရရှိနေတဲ့သူတစ်ယောက်ပါ။ လင်းဇာနည်ဇော်ဟာ ချစ်စရာကောင်းတဲ့သမီးလေး မြူလင်းကိုကို ကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးဟာလည်း ဘိုမရုပ်လေးလို့ထင်မှတ်ရလောက်အောင်ကို ချစ်စရာကောင်းလွန်းနေတာပါနော်။

Photo credit-Lin Zarni Zaw's Facebook acc
Photo credit-Lin Zarni Zaw's Facebook acc

လင်းဇာနည်ဇော်ဟာ လူမှုဆက်ဆံရေးအပိုင်းမှာလည်း ကောင်းမွန်တဲ့သူဖြစ်ပြီး အနုပညာရှင်အချင်းချင်းကြားမှာလည်း တတ်နိုင်သလောက်ကူညီပေးလေ့ရှိတဲ့သူပါ။ ဒီနေ့ ဂျူလိုင်လ ၁၃ရက်နေ့မှာတော့ ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ ပြည်သူ့အချစ်တော်လူရွှင်တော်ကြီး ဦးမန်း၀င်းဟာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဦးမန်း၀င်းကွယ်လွန်သွားခဲ့တဲ့သတင်းကြောင့် အနုပညာရှင်တွေလည်းများစွာစိတ်မကောင်းဖြစ်နေရတာပါ။

Photo credit-Lin Zarni Zaw's Facebook acc
Photo credit-Lin Zarni Zaw's Facebook acc

လင်းဇာနည်ဟာလည်း မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင် "လေးလေးဦးမန်းဝင်းအတွက်ရည်စူးကုသိုလ်ကောင်းမွန်ရာဘုံဘဝမှသာဓုခေါ်နိုင်ပါစေလေးလေးရေအမျှ အမျှ အမျှမိသားစုနဲ့ထပ်တူခံစားရပါတယ်" ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Lin Zarni Zaw's Facebook acc
Photo credit-Lin Zarni Zaw's Facebook acc

Source-Lin Zarni Zaw's Facebook acc

Photo credit-Lin Zarni Zaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။