ဇာတ်ပို့သရုပ်ဆောင် အိအိတုန်ကိုတော့ ပရိသတ်တွေတော်တော်များများက ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရင်းနှီးလာခဲ့ကြမယ် ထင်ပါတယ်။ ဇာတ်ပို့နေရာကနေ အံဝင်ခွင်ကျဖြစ်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်စွမ်းရှိတဲ့ အိအိတုန်ကတော့ အနုပညာသက်တမ်းနှစ်အတော်ကြာရှိနေပြီ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အိအိတုန်က အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc

အိအိတုန်အနေနဲ့ Online Shopping လုပ်ငန်းကိုလုပ်ကိုင်နေတာဖြစ်ပြီး ဝယ်ယူအားပေးသူများပြားကာ အောင်မြင်မှုရနေတာပဲ ဖြစ်ပါတယ် ။ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ အိအိတုန်က အခုဆိုရင် ဒုတိယကိုယ်ဝန်ကိုထပ်မံလွယ်ထားရပြီး မကြာခင်မှာပဲ ကလေးနှစ်ယောက်မေမေဖြစ်တော့မှာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အိအိတုန်က ကိုယ်ဝန်ရင့်လာပြီဖြစ်လို့ ဗိုက်လေးက အရင်ကထက်တောင် သိသိသာသာပူလာပြီး ပိုလှလာတာ ဖြစ်ပါတယ် ။

Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc

အခုတော့ အိအိတုန်က အပန်းဖြေခရီးထွက်ရင်း ရေကန်ထဲမှာပျော်ပျော်ပါးပါး ရေကစားကာ အနားယူနေတာပဲ ဖြစ်ပါတယ် ။ အိအိတုန်က "မမဗိုက်လေး ကဲလိုက်ဦးမယ်အလုပ်ထဲကြီးပဲ စိတ်နှစ်ထားတော့စိတ်အပန်းဖြေ ဗိုက်လေးကပူလာပြီဟုတ် ချစ်တုန်းတို့" လို့ဆိုကာ ကိုယ်ဝန်လွယ်ထားပြီး အလှမပျက်တဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုယ်ဝန်ဆောင်မိခင်လောင်းလေး အိအိတုန်ရဲ့ချစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Ei Ei Tone's FB Acc

Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။