ပရိတ်သတ်ကြီးရေ....အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေပြီး ယနေ့ထိတိုင်ပရိတ်သတ်အားပေးမှုရရှိနေတဲ့ အကယ်ဒမီမင်းသားချောကြီး ခန့်စည်သူကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး ဟာသဇာတ်ရုပ်ကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ခန့်စည်သူဟာအေးအေးချမ်းချမ်းနေတတ်တဲ့သူလည်းဖြစ်ပြီး အခုထိတိုင်လူပျိုကြီးဘဝနဲ့နေထိုင်နေတာပါနော်။

Photo Credit-Kyaw Naing Win's Facebook acc
Photo Credit-Kyaw Naing Win's Facebook acc

ခန့်စည်သူဟာ အနုပညာလောကမှာလည်းနှစ်ပေါင်းအတော်ကြာရပ်တည်နေနိုင်တဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်လည်းဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားတာပါ။ သူဟာအလှူဒါနတွေကိုလည်း ရက်ရက်ရောရောလုပ်တတ်တဲ့သူဖြစ်ပြီး အလှူအတန်းနဲ့ပက်သက်ရင်လည်း အများကချီးကျူးဂုဏ်ပြုရတဲ့မင်းသားချောကြီးဖြစ်ပါတယ်နော်။

Photo Credit-Kyaw Naing Win's Facebook acc
Photo Credit-Kyaw Naing Win's Facebook acc

ခန့်စည်သူဟာ မကြာသေးမီကလည်း ဝမ်းမြောက်ဖွယ်အလှူကြီးတစ်ခုကိုပြုလုပ်ခဲ့ပြန်ပြီဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို သူ့ရဲ့Facebookစာမျက်နှာမှာ ယနေ့အလှူ (၁၃-၇-၂၀၂၀)

တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)တွင် တက်ရောက်နေသောလူနာများအတွက်Wheelchair (၁၀)စီးCrutch (၅၀)စုံTrolley (၁) စီးပုဆိုးများ၊သွားတိုက်ဆေးများ၊ဆပ်ပြာဆီများ၊လူနာအသုံးအဆောင်ပစ္စည်းများ ၊လူနာတစ်ဦးလျှင်(၅၀၀၀)ကျပ်စီကိုလှူဒါန်း၍၊နေ့လည်စာအာဟာရဒါန ဒံပေါက်ထမင်းနှင့် ဒိန်ချဉ်တို့ကို ကျွေးမွေး ခဲ့ကြပါတယ်။ စုစုပေါင်းတန်ဖိုးငွေ သိန်း(၇၀)ခန့်လှူဒါန်းပေးခဲ့နိုင်သဖြင့် ပါဝင်လှူဒါန်းပေးခဲ့ကြသူများကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။လူနာများလည်းအမြန်ဆုံး သက်သာပျောက်ကင်းကြပါစေ။အလှူရှင်များလည်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ" ဆိုပြီးရေးသားထားပါတယ်။ ကဲ...ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နေ

Photo Credit-Kyaw Naing Win's Facebook acc

Source-Kyaw Naing Win's Facebook acc

Photo Credit-Kyaw Naing Win's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။