မင်းသမီးလေး ဖြူဖြူထွေးကတော့ ဟာသ ဗီဒီယိုလေးတွေနဲ့ Online ပေါ်ကနေ လူသိများကာ ယခုဆိုရင်တော့ ပရိသတ်တွေက ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါပြီနော်..။ သူမရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ ပရိသတ်တွေ မြင်တွေ့နေရတာဖြစ်ပြီး လတ်ရှိမှာတော့ ကြော်ငြာများစွာကို လက်ခံရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အကောင်းဆုံးပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ ဒါ့အပြင် ဖြူဖြူထွေးကတော့ အနုပညာမှ ရရှိတဲ့ ငွေတချို့ကိုလည်း လိုအပ်တဲ့ သူတွေကို တက်နိုင်သလောက် ကူညီပေးတာကိုလည်းတွေ့ရပါတယ်။

Photo & Video Credit - Phyu Phyu Htwe
Photo & Video Credit - Phyu Phyu Htwe

အသက်ငယ်ရွယ်ပေမယ့် မိဘတွေပေါ်မှာလည်း သိတက်တဲ့ သမီးလေးဖြစ်ပြီး အလှူအတန်းတွေကိုလည်း တက်နိုင်သလောက်ပါဝင် လှူဒါန်းတာတွေ ရှိပါတယ်။ ဒါ့အပြင် အမြဲပျော်ပျော်ရွှင်ရွှင် နေတက်ပြီး စိတ်သဘောထားလေး ပြည့်ဝတ်တဲ့ ဖြူဖြူထွေး ကိုတော့ ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်လေးစားနေကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲဖော်ပြလေ့ရှိတဲ့ ဖြူဖြူထွေးက ယခုတစ်ခါလည်း ကိုယ်တိုင်ဖန်တီး သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Phyu Phyu Htwe
Photo & Video Credit - Phyu Phyu Htwe

ဒီဗီဒီယိုလေးထဲမှာတော့ ဖြူဖြူထွေး က မတူညီတဲ့ ဇာတ်ရုပ် သုံးမျိုးလေးနဲ့ PUBG ဝါသနာပါတဲ့ မိသားစု လေးကို သဘာဝကျကျနဲ့ ကြည့်ရှုသူတိုင်း ကျေနပ်ရအောင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဖြူဖြူထွေးက " ဟဲဟဲ အမေ့ကိုလဲကြောက်တယ် ဖြူဖြူ အဖေ့ကိုလဲသင်ပေးတယ်ကွာ" ဆိုပြီး Caption လေးနဲ့ ရေးသားဖော်ပြထားပါတယ်။ ကဲ..ချစ် ပရိသတ်တွေကြီးရေ အချစ်တော်လေး ဖြူဖြူထွေး ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုရင်း အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်..။

Photo & Video Credit - Phyu Phyu Htwe

Source - Phyu Phyu Htwe's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။