photo credit - Allied Esports twitter

Allied Esports ကတော့ CS:GO Legend Series Season 6 tournament ကို လာမယ့် 8 လပိုင်းအကုန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲဟာ Online tournament တစ်ခုဖြစ်သလို ပေးအပ်သွားမယ့် ဆုကြေးငွေကတော့ € 50,000 EURO ဖြစ်ပြီး ဒီဆုကြေးငွေဟာ Legend Series ပြိုင်ပွဲတလျောက် အများဆုံးပေးအပ်တဲ့ ဆုကြေးငွေလည်းဖြစ်ပါတယ်။

အသင်းလိုက်ဆုကြေးငွေအနေနဲ့ကတော့ 1st place ရရှိတဲ့အသင်း ကတော့ € 15,000 ရရှိမှာဖြစ်ပြီး 2nd place ရရှိတဲ့အသင်းကတော့ € 6,500 ရရှိမှာပဲဖြစ်ပါတယ်။

3rd-4th place ရရှိတဲ့အသင်းကတော့ € 3,000 ရရှိမှာဖြစ်ပြီး 5th – 8th place ရရှိတဲ့အသင်းတွေကတော့ € 1,500 စီရရှိမှာဖြစ်သလို 9th -12th place ရရှိတဲ့အသင်းတွေကတော့ ဆုကြေးငွေရရှိမှာမဟုတ်ပါဘူး။

ဒီပြိုင်ပွဲကိုတော့ Europe region က cs:go teams 12 သင်းဝင်ရောက်ယှဉ်ပြိင်ခွင့်ရမှာဖြစ်ပြီး ဘယ်အသင်းတွေယှဉ်ပြိုင်ခွင့်ရမလဲဆိုတာကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။

ကျင်းပသွားမယ့် ရက်စွဲအတိအကျကတော့ 2020 ခုနှစ် 8 လပိုင်း 31 ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီး 2020 ခုနှစ် 9 လပိုင်း 13 ရက်နေ့မှာ grand final match ဆော့ကစားပြီး အဆုံးသတ်မှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် cs:go teams တွေထွက်ပေါ်လာတာနဲ့ ဘော်ဒါတွေအတွက် အမြန်ဆုံးတင်ပေးသွားပါ့မယ်………………………..

source - Allied Esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။