ပရိသတ်ကြီးရေ ဗီဒီယို ရုပ်ရှင် ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး တိကျပိုင်နိုင်ကာ ပီပြင်ကျနတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးလက်ခံမှုကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ ဇာတ်ပို့သရုပ်ဆောင် အိအိတုံပဲဖြစ်ပါတယ်။ အိအိတုံက အနုပညာလမ်းကြောင်းပေါ်မှာ အချိန်အတော်ကြာရပ်တည်ခဲ့ပြီး ယခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားကာ မိသားစုနဲ့အတူ ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်....။

Photo credit _ Ei Tone's FB account
Photo credit _ Ei Tone's FB account

အိအိတုံက အရာရာကို သိတက်နားလည်ပြီး အလိုလိုက်ကာ အမြဲဂရုစိုက်ပေးတက်တဲ့ ခင်ပွန်းကို ရရှိထားတာဖြစ်လို့ အမြဲ ကြည်နူးပျော်ရွှင်ရတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အသည်ယားစရာကောင်းပြီး ဘိုမရုပ်ကလေးလို ချစ်စရာကောင်းလွန်းတဲ့ သမီးချောလေးကိုလည်း မွေးဖွားထားတာဖြစ်လို့ သူမရဲ့ မိသားစုဘဝလေးက ပြီးပြည့်စုံနေတာပါနော်။ အိအိတုံက သမီးလေးအပြင် ဗိုက်ထဲမှာလည်း ရင်သွေးလေးကို လွယ်ထားရကြောင်း မကြာသေးမီက ပရိသတ်တွေကို အသိပေးထားပြီလည်းဖြစ်ပါတယ်.....။

Photo credit _ Ei Tone's FB account
Photo credit _ Ei Tone's FB account

အိအိတုံက အနုပညာလှုပ်ရှားမှုအပြင် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိအောင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်နေသူပါ။ ယနေ့မှာတော့ အိအိတုံက အလုပ်ရဲ့ ဖိစီးမှုတွေကနေ ခေတ္တရုန်းထွက်ကာ မိသားစု​တွေ ပျော်ပျော်ပါးပါး ချောင်းသာကမ်းခြေကို သွားရောက်နေတာလည်းဖြစ်ပါတယ်။ အပန်းဖြေဖို့ ရောက်ရှိနေတဲ့ အိအိတုံက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ Liveဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်......။

Photo credit _ Ei Tone's FB account
Photo credit _ Ei Tone's FB account

Photo credit _ Ei Tone's FB account

Source _ Ei Tone's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။