ပရိတ်သတ်တွေရဲ့အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားကြတဲ့ ပြည်သူချစ်ဝါရင့်အနုပညာရှင်ကြီးများထဲတွင် ထွန်းအိန္ဒြာဗိုလ်လည်းအပ်အဝင်ဖြစ်ပါတယ်နော်။ သူမဟာနှောင်းတမြေ့မြေ့၊အမေ့နို့ဖိုး၊မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍စတဲ့ရုပ်ရှင်ကားကြီးတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့အောင်မြင်မှုတွေရရှိခဲ့ရုံသာမက အဆိုတော်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုများစွာရရှိခဲ့ပြီးတော့ တစ်ကိုယ်တော်အယ်လ်ဘမ်တွေကိုလည်းထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit-Htun Aeindra Bo's Facebook page
Photo Credit-Htun Aeindra Bo's Facebook page

ထွန်းအိန္ဒြာဗိုလ်ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာပါနော်။ သားလေးဟာအခုဆိုရင်အရွယ်ရောက်လာပြီဖြစ်ပြီး ရုပ်ချောချောလေးနဲ့ မေမေအရမ်းချစ်ရတဲ့သားလေးတစ်ယောက်ဖြစ်ပါတယ်။ သားလေးဟာထူးချွန်ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး ဆုတံဆိပ်တွေဆိုရင်လည်း အမြဲရနေတဲ့ သူလေးဖြစ်ပြီး မေမေအရမ်းဂုဏ်ယူရတဲ့သားလေးပါ။

Photo Credit-Htun Aeindra Bo's Facebook page
Photo Credit-Htun Aeindra Bo's Facebook page

ထွန်းအိန္ဒြာဗိုလ်ဟာသူမရဲ့ သားလေးကိုအမြဲတစေဂရုတစိုက်ထားတတ်တဲ့မိခင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "ဖုန်းသုံးချိန်နဲ အောင်တခုခုတော့ ခိုင်းထားမှ" ဆိုတဲ့captionလေးနဲ့ boxingထိုးလေ့ကျင့်နေတဲ့သားလေးရဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htun Aeindra Bo's Facebook page
Photo Credit-Htun Aeindra Bo's Facebook page

Source-Htun Aeindra Bo's Facebook page

Photo Credit-Htun Aeindra Bo's Facebook page

Video credit- Htun Aeindra Bo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။