Mobile Legends ဟာဆိုရင် ခုချိန်အတွင်းမှာ တော်တော်လေးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ အရင်ကထက် ကောင်းသထက်ကောင်းအောင် ပြုပြင်လျက်ရှိပြီး ဆော့ကစားတဲ့သူတွေအတွက်လဲ ကျေနပ်စရာပါပဲ။ ခုချိန်မှာဆိုလဲ Revamped Hero တွေကို ထုတ်ရှိဖို့အဆင့်သင့်ဖြစ်နေပါပြီ။ သူတို့ကို Revamped ရတဲ့အကြောင်းအရင်းကလဲ Old Hero ဖြစ်ပြီး လူကိုင်နည်းသွားတာတွေကြောင့် ပဲဖြစ်ကာ Moontoon ဟာလဲ Hero တွေကို တန်းတူ စနစ်ထားချင်တဲ့အတွက်ကြောင့်ပါပါတယ်။ 

Remodeled Hero

Revamped Hero တွေကတော့ အားလုံးသိကြတဲ့အတိုင်း Miya, Saber, Alucard, Eduora, Zilong, Layla, Tigreal နဲ့ Vale တို့ပဲဖြစ်ပါတယ်။ Vale ကို Revamp လုပ်ဖို့ စာရင်းထဲ ထည့်ထားပြီကြပြီးဖြစ်ပါတယ်။ Remodeled လုပ်မယ့် Hero တွေကတော့ Clint, Ruby, Kagura, Minotaur, Karina, Alice နဲ့ Rafaela တို့ပဲဖြစ်ပါတယ်။ Reworked လုပ်မယ့် Skin တွေကတော့ Miya - Modena Butterfly, Saber - Codename - Storm, Rafaela - Flower Fairy, Eudora - Emerald Enchantress, Harley - Naughty Joker, Martis - God of War နဲ့ Kagura - Soryu Maiden တု့ိပဲဖြစ်ပါတယ်။ Reworked ဆိုတာကတော့ Entrance animations အသစ်နဲ့ Skill effect တွေကို ပြန်ပြောင်းလဲတာပဲဖြစ်ပါတယ်။ 

Reworked Skin

သတင်းအရင်းမြစ် Omega

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။