အကယ်ဒမီဆုရှင်လေးဖြစ်သွားပြီဖြစ်တဲ့ မင်းသမီးချော အေးမြတ်သူကတော့ ထိမိပြောင်မြောက်လွန်းတဲ့ အရည်အချင်းတွေနဲ့ သရုပ်ဆောင်ပိုင်နိုင်လွန်းသူလေး ဖြစ်ပါတယ်။ အေးမြတ်သူက အိုက်တင်ပီပြင်သလို စူးရှတောက်ပတဲ့မျက်လုံးအကြည့်တွေနဲ့ပါ ဖမ်းစားနိုင်တာကြောင့် ပရိသတ်တွေက ကြွေနေရတာ ဖြစ်ပါတယ်။ ပြုံးလိုက်တိုင်းမှာ ပါးချိုင့်လေးနှစ်ဖက်ပေါ်လွင်ပြီး လှနေတဲ့ အေးမြတ်သူကတော့ တကယ့်ကို ချစ်ဖို့ကောင်းသူလေးလည်း ဖြစ်ပါတယ်။

Photo Credit-MyatLay's IG Acc
Photo Credit-MyatLay's IG Acc
Photo Credit-Amazing Grace

ဒါ့အပြင် ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တဲ့ မမြတ်လေးက တစ်နေ့တခြားဆိုသလို စိတ်ပျိုကိုယ်နုလို့နေတာ ဖြစ်ပါတယ်။ အသက် (၃၄) နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ မမြတ်လေးက ရှိရင်းစွဲ အသက်အရွယ်ထက်တောင် အရွယ်တင်နုပျိုနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မမြတ်လေးက အားကစားလိုက်စားပြီး လေ့ကျင့်ခန်းတွေပုံမှန်လုပ်ရင်း သူမရဲ့သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို ထိန်းသိမ်းနေတာဖြစ်ပါတယ်။

Photo Credit-MyatLay's IG Acc
Photo Credit-MyatLay's IG Acc
Photo Credit-MyatLay's IG Acc

အခုလည်း မမြတ်လေးက အဆီပိုမရှိဘဲ ချပ်ရပ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ တစ်ယောက်တည်း အပီအပြင်ယောဂကစားနေတာပဲ ဖြစ်ပါတယ်။ ပျော့ပျောင်းလှပတဲ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ မမြတ်လေးက အမိုက်စားပို့စ်တွေပေးပြီး ဓာတ်ဖမ်းထားတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အေးမြတ်သူရဲ့အလန်းစားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-MyatLay's IG Acc 

Photo Credit-MyatLay's IG Acc
Photo Credit-MyatLay's IG Acc
Photo Credit-MyatLay's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။