ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အလှမယ်မင်းသမီးချောလေး ဟန်တီကတော့ ချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေ အချစ်ပိုနေကြရသူလေးပါပဲ..။

အောင်မြင်မှုတွေ များစွာရရှိထားတဲ့ ဟန်တီလေးကတော့ ကိုရီးယား K-Pop Fan တစ်ယောက်ဖြစ်ပြီး ကိုရီးယားသီချင်းလေးတွေကို Cover Song ပြန်ဆိုဖြစ်သလို Black Pink အဖွဲ့ရဲ့ သီချင်းလေးနဲ့ Cover Dance ကထားတဲ့ အကြောင်းလေး ပြောပြလာပါတယ်နော်..။


Photo Credit - Han Thi's Fb Account
Photo Credit - Han Thi's Fb Account

ကိုရီးယား Crazy ကိုရီးယား Fan ကိုရီးယား K-Pop Fan ဆိုတာ အားလုံးက သိပြီးသားဖြစ်တဲ့အတွက် ပရိသတ်တွေကလက်ခံကြပြီး အားပေးကြသလို လိုအပ်ချက်လေးတွေကိုလည်း ပြောပြကြပြီး ပြီးခဲ့တဲ့ ရက်တွေကလည်း ပရိတသ်တွေကို Live မှာ ကိုရိးယားသီချင်းလေး ဆိုပြတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Han Thi's Fb Account
Photo Credit - Han Thi's Fb Account

ကိုရီးယားသီချင်းတွေကို Cover ပြန်ဆိုပေမယ့် မြန်မာသီချင်းတွေကိုတော့ Cover ပြန်မဆိုရဲတဲ့အကြောင်းလေးတွေကိုလည်း “အခုတော့ သီချင်းက လွယ်တဲ့ဟာကို အရင်ကျက်နေရတာပေါ့ ဟန်တီကြိုက်တဲ့ သီချင်းလေးတွေကို Cover ပုံစံလေးနဲ့ ဆိုသွားမှာပါ Cover Song တွေလည်း ပါမယ် ကိုယ်ပိုင်သီချင်းတွေလည်း ပါမယ် မြန်မာသီချင်းကတော့ Cover Song မဆိုရဲဘူး မြန်မာနိုင်ငံက အဆိုတော်တွေကလည်း အရမ်းအသံကောင်းကြတယ် ကိုယ့်အနေနဲ့ Cover Song ဆိုရင် တမျိုးထင်သွားမှာလည်း စိုးတယ် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုလည်း ဟန်တီနည်းနည်းလေး ကြောက်တော့ မဆိုရဲဘူး ကိုရီးယားသီချင်းတို့ အင်္ဂလိပ်သီချင်းတို့တော့ ဆိုဖြစ်မှာပါ..” ဆိုပြီးတော့ ပြောပြထားတာပါနော်..။

ကိုရီးယား Crazy ဖြစ်သလို ကိုရီးယား Fan ကိုရီးယား K-Pop Fan ဆိုဖြစ်ပြီး Black Pink အဖွဲ့ကိုအရမ်းကြိုက်တဲ့အကြောင်းလေးတွေ ပြောပြထားတဲ့ ဟန်တီရဲ့ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Han Thi's Fb Account
Photo Credit - Han Thi's Fb Account

Photo Credit - Han Thi's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။