ပရိသတ်ကြီးရေ အနုပညာလောကရဲ့ တချိန်က ထွန်းလင်းတောက်ပကာ လူကြိုက်များခဲ့တဲ့ ဟာသ လူရွှင်တော်ကြီး ဦးမန်းဝင်းဟာ ယနေ့ ဇူလှိုင်လ ၁၃ရက်နေ့ နံနက် ၆း၃၀အချိန်မှာ ကွယ်လွန်အနစ္စရောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အနုပညာသမားများကလည်း ဦးမန်းဝင်းရဲ့ သေဆုံးမှုအတွက် အလွန်ဝမ်းနည်းကြေကွဲနေကြတာလည်းဖြစ်ပါတယ်။ ရောဂါဝေဒနာကြီးမားစွာခံစားခဲ့ရပြီး သူနောက်ဆုံးခေါင်းချသွားခဲ့တဲ့ ပင်လုံဆေးရုံကြီးကနေလည်း ရုပ်အလောင်းကို ကျီစု ‌အအေးတိုက်စို့ ပို့ဆောင်ပေးနေပြီလို့လည်း သိရပါတယ်....။

Photo credit _ Chan Thar Mann Win's FB account
Photo credit _ Chan Thar Mann Win's FB account

သားဖြစ်သူကလည်း ဖခင်သေဆုံးမှုအတွက် အင်မတန်မှ ဝမ်းနည်းကြေကွဲနေပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ " နောက်ဆုံး အချိန်ထိ သားကြိုးစားခဲ့ပါတယ် ဖေကြီးရယ် ဖေကြီး ကောင်းမွန်စွာ အိပ်ပါ အနားယူပါတော့ ဖေဖေ့ ထွက်သက် မှာ သားဖေကြီးလက်ကို ကိုင်ခွင့်ရတာ ကျေနပ်ပါတယ် သေခြင်းတရားက အင်အားကြီးတော့ အရှုံးပေးလိုက်ရပြီပေါ့ဗျာ စင်ပေါ်မှာ သားအဖတွေ ‌လူရွှင်တော့ အတူတူက ခဲ့ကြတယ် ခရီးတွေ အတူတူထွက်ခဲ့ ကြတယ် ခုတော့ ဖေကြီးက သွားနှင့်ပြီပေါ့ဗျာ " ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်....။

Photo credit _ Chan Thar Mann Win's FB account
Photo credit _ Chan Thar Mann Win's FB account

သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းကလည်း " အားလုံးအတွက် ကျေနပ်ပါတယ် အဖေ...အဖေ တာဝန်ကျေလွန်းပါတယ်...တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာမို့...အဖေနဲ့ခွဲရပါပြီ... အဖေ ခံစားနေရတာတွေ ချုပ်ငြိမ်းသွားတာပေါ့..အဖေရယ်... ကျောက်ကပ်လည်း မဆေးရတော့ဘူးပေါ့ " ဆိုပြီး ရေးသားထားတာပါ။ ဒါ့အပြင် " နာရေးကူညီမှု အသင်းမှ ဦးကျော်သူ ကိုယ်တိုင် ကားမောင်းပြီး ပင်လုံဆေးရုံမှ ကျီစု ‌အအေးတိုက်စို့ ပို့ဆောင်ပေးနေသော မှတ်တမ်းပါ 15.7.2020 ဗုဒ္ဓဟူး နေ့ မှာ ဖေကြီးကို သင်္ဂြိုလ် မှာပါ အချိန် အတိအကျထပ်တင်ပေးပါ့မယ်" ဆိုပြီး အအေးတိုက်သို့ သွားနေတဲ့ မှတ်တမ်းဗီဒီယိုဖိုင်လေးကို တင်ပေးလာတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Photo credit _ Chan Thar Mann Win's FB account

Photo credit _ Chan Thar Mann Win's FB account

Source _ Chan Thar Mann Win's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။