ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်းကောင်းလွန်းတာမို့ ပရိသတ်တွေကြား အမြဲရေပန်းစား အချစ်ပိုနေကြတဲ့ ပြည်သူ့အချစ်တော် အနုပညာမောင်နှမနှစ်ယောက်ကတော့ မင်းသမီးချောလေးကတော့ မေမြင့်မိုရ်နဲ့သျှင်းမြတ်တို့ မောင်နှမနှစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တွေအဖြစ် လျှောက်လှမ်းရပ်တည်နေကြသလို ပရိသတ်တွေရဲ့ စိတ်ဝင်တစားစေဟာင့်ကြည့်မှုတွေကိုလည်း အများဆုံးရရှိထားသလို သူတို့မောင်နှမနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။


Photo Credit - Shinn Myat's Fb Account
Photo Credit - Shinn Myat's Fb Account

အနုပညာအလုပ်တွေမှာ အမြဲတိုင်ပင်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက်လိုရော အစ်မတစ်ယောက်လိုပါ ဖြစ်တဲ့ သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အစ်မဖြစ်သူ မေမြင့်မိုရ်ရဲ့ အချစ်ရေးအကြောင်းလေးနဲ့ သူ့ရဲ့လက်ရှိအချစ်ရေးလေးတွေကို သျှင်းမြတ်က ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

“အစ်မက အချစ်ရေးမှာ တားတာတွေ ပိတ်ပင်တာတွေ မရှိဘူး ကျွန်တော်ကောင်းတယ်ဆိုရင် သူလည်း ကောင်းတာပဲလေ ကိုယ်ချစ်တယ်ဆိုရင် သူလည်း ချစ်တာပဲလေ အချစ်ရေးနဲ့ ပတ်သက်လာရင် အစ်မက များများစားစား အကြံပေးတာတော့ မရှိဘူး ကျွန်တော့ရဲ့ဆုံးဖြတ်ချက်ပဲ ကျွန်တော့်ကိုချစ်ပေးတယ် ဂရုစိုက်ပေးမယ် ကူညီပံ့ပိုးပေးမယ်ဆိုရင်တော့ အစ်မပဲ မဟုတ်ဘူး အမေတို့ကလည်း သဘောတူမှာပါ..” ဆိုပြီး အချစ်ရေးလေးတွေကို ပြောပြထားပါ..။


Photo Credit - Shinn Myat's Fb Account
Photo Credit - Shinn Myat's Fb Account

“အမချစ်သူထားတာ ဂျေမဝင်ပါဘူး ကိုယ်လည်း အကိုတစ်ယောက်ရတာပေါ့ အမဖြစ်သူ မေမြင့်မိုရ် အချစ်ရေးနဲ့ ပတ်သတ်လို့ လာပြတာမျိုးဆို အကဲခတ်ပေးပြီး ယောက်ကျားလေး အချင်းချင်းဆိုတော့ပိုသိတယ်လေ..” ဆိုပြီးတော့လည်း အစ်မဖြစ်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် မော်လ်ဒယ်မင်းသားချောလေး ပြောပြထားတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်း ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Shinn Myat's Fb Account
Photo Credit - Shinn Myat's Fb Account

Photo Credit - Shinn Myat's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။