သီဆိုတဲ့ သီချင်းတိုင်းကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်သူကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်။ သူမရဲ့ အသံလေးဟာ နားထိုင်သူတိုင်းကို အခါခါနားထောင်ချင်လောက်အောင် ဆွဲဆောင်ထားနိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်ကာ ဂီတလောကကို ဝင်ရောက်လာသူဖြစ်ပြီး လက်ရှိချိန်မှာတော့ အောင်မြင်မှုတွေ များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Po Po's Facebook Account
Photo Crd - Po Po's Facebook Account
Photo Crd - Po Po's Facebook Account

ပိုပိုဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ ခရီးတွေ ထွက်ကာ အပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ပရိသတ်တွေကို ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ ပိုပိုတစ်ယောက် အေးချမ်းလွန်းတဲ့ တောင်ပေါ်ဒေသကို ခရီးထွက်ရတဲ့ အတွက် ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Po Po's Facebook Account
Photo Crd - Po Po's Facebook Account
Photo Crd - Po Po's Facebook Account

ဒါကတော့ ကောင်လေးတစ်ယောက်ကိုဓာတ်ပုံရိုက်ခိုင်းတာကို ငြင်းလိုက်တာကြောင့် နောက်ကနေ လိုက်စနေတဲ့ ပိုပိုရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ပရိသတ်တွေကို အားလပ်ချိန်တိုင်း Tik Tok လေးတွေ ဆော့ကစားကာ အမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ပရိသတ်တွေကြည့်ရှုရအောင် ဗီဒီယိုလေး တင်ပေးလိုက်တာဖြစ်တာကြောင့် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Sourcea and Photo Crd - Po Po's Facebook Account 

@wutyipo

ဓါတ်ပုံရိုက်ပေးပါ ကိုရီး

♬ Sa Mau Ko, Ko Mau Dia - Prince Shene Bagundol

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။