မြန်မာ့ရုပ်ရှင်လောက ကို တစ်ထောင့်တစ်နေရာကနေ တိုးတက်လာအောင် ကြိုးစားလုပ်ကိုင်နေတဲ့ ဒါရိုက်တာ ကိုပေါက် ကိုတော့ သိကြမယ်ထင်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကထဲကို ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေဖြင့် အခက်အခဲတွေကြားထဲကနေ အကောင်းဆုံးကြိုးစားလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ယနေ့ အချိန်မှာတော့ ကိုပေါက် ရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ ပရိသတ်တွေ ရဲ့ ရင်ထဲကို ရောက်ရှိလို့နေခဲ့ပါပြီးနော်..။

Photo & Video Credit - Aung Min Naing & Aroma
Photo & Video Credit - Aung Min Naing & Aroma

လတ်တလောမှာတော့ ကိုပေါက် က အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလ လေးမှာ ခဏတာရပ်နားထားခဲ့ရပြီး ချစ်ရတဲ့ မိသားစုလေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နေသစ်တွေကို ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ အချိန်လေးမှာဆိုရင်လည်း ကိုပေါက် ကတော့ သူဝါသနာကြီးလွန်းတဲ့ အနုပညာလေးနဲ့ ပရိသတ်တွေအတွက် ရယ်စရာ ဟာသ ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။

Photo & Video Credit - Aung Min Naing & Aroma
Photo & Video Credit - Aung Min Naing & Aroma

ယခုတစ်ခါမှာတော့ ကိုပေါက် က ချစ်ရတဲ့ သားလေး နှစ်ယောက်နဲ့ အတူတူ မိုးရေထဲ ဘောကန် ဆော့ကစားနေတာကို ရိုက်ထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ခြံဝန်းထဲက အပင်လေးတွေကိုလည်း စိုက်ပျိုးကာ သားတွေ နဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနေတာကို ဇနီးဖြစ်သူ က ပရိသတ်တွေအတွက် Live လွှင့်ပေးခဲ့တာဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ မိုးရေထဲမှာ သားတွေနဲ့ အတူ ဆော့ကစားနေတဲ့ ကိုပေါက် ရဲ့ Live ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Aung Min Naing & Aroma

Source - Aung Min Naing's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။