ပရိတ်သတ်ကြီးရေ.......သဘာဝမင်းသားလို့ပရိတ်သတ်တွေတင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ထောင်ထားတာဖြစ်ပြီး ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေးမြတ်သူကိုလည်း ရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင် မြင့်မြတ်ရဲ့ဇနီးချောလေးဟာလည်း အခုလက်ရှိမှာဆိုရင်ဒုတိယမြောက်ရင်သွေးလေးကိုလည်း လွယ်ထားတာပါနော်။ မြင့်မြတ်တို့မိသားစုလေးဟာ ခရီးတွေလည်းအတူသွားကြပြီး စည်းစည်းလုံးလုံးနဲ့ချစ်စရာမိသားစုလေးဖြစ်ပါတယ်။

Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မြင့်မြတ်ရဲ့တပည့်ဖြစ်တဲ့ မြတ်ဝေထွန်းဟာလည်း မကြာခဏဆိုသလို မြတ်သူလေးရဲံပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း မြတ်ဝေထွန်းဟာ သူ့ရဲ့Facebookစာမျက်နှာတွင် "Now.ရိုက်မယ်ပြောတော့ အိုက်တင်လုပ်နေတဲ့ချစ်တုန်း" ဆိုတဲ့ captionလေးနဲ့မြတ်သူလေးရဲ့ချစ်စရာကောင်းနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

Source-Myat Wai Tun's Facebook acc

Photo Credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။