ဂီတအနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကို သိမ်းပိုက်ထားတဲ့ ဝါရင့်အနုပညာရှင် အဆိုတော်ကတော့ ချစ်ငယ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာပဲ ဖြစ်ပါတယ်နော်..။

ဆွဲဆောင်မှုရှိပြီး ချိုသာတဲ့ အသံချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းကောင်းတွေများစွာ ထွက်ရှိထားပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ မေခလာကတော့ ဖြူဖြူထွေးကို ချစ်ခင်အားပေးတဲ့အကြောင်း ပြောပြလာပါတယ်နော်..။


Photo Credit - May KhaLar's Fb Account
Photo Credit - May KhaLar's Fb Account

အောင်မြင်တယ်ဆိုတာ လူတိုင်းမှာ သူ့ကံအကြောင်းတရားတွေ အများကြီးရှိပြီး ရိုးသားပြီး ကြိုးစားသလို ပွင့်လင်းကာ အရှိကိုမရှိအတိုင်း ထုတ်ပြတတ်တဲ့ ဖြူဖြူထွေးရဲ့ စိတ်ထားလေးကို ချစ်တဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။

“ဖြူဖြူထွေးကို ဘာလို့ချစ်တာလဲဆိုတော့ ချစ်ငယ်ကိုယ်တိုင်က လောင်စိန်လေ ချစ်ငယ်ကိုယ်တိုင်က အရမ်းစတတ်တယ် နောက်တတ်တယ်ဆိုတော့ သူလည်းစတတ်တယ် ချစ်စရာလေးဆိုပြီးတော့ ချစ်သွားတာ အိုင်တင်မပါဘူး မူယာမာယာမပါဘူး ရိုးသားတယ် ရှိရင်ရှိတယ် မရှိရင်မရှိဘူး အဲ့ဒါကို ချစ်တာ အမှန်တရားကိုပြောတာ ကြိုက်တယ် ဒီကောင်မလေးသည် အမှန်တရားကိုပြောတယ် အဲ့ဒါကို ချစ်ငယ် ကြိုက်တယ်..” ဆိုပြီး ချစ်ငယ်က ပြောပြထားတာပါ..။


Photo Credit - Amazing Grace
Photo Credit - May KhaLar's Fb Account

“ဖြူဖြူထွေးငိုတာ မြင်တော့ ချစ်ငယ်သနားသွားတယ် ဘာလို့များ အဲ့လိုပြောကြတာလဲ ဘာလို့လူတွေသူ့ကို အဲ့လို လုပ်ကြတာလဲဆိုပြီး စိတ်မကောင်းဖြစ်တယ် ကြိုးစားရဲ့သားနဲ့ ငိုတော့ အရမ်းစိတ်မကောင်းဖြစ်သွားတယ်..” ဆိုပြီးတော့လည်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်နော်..။

ဖြူဖြူထွေးငိုတာကို မြင်လို့ သနားသွားပြီး စိတ်မကောင်းဖြစ်မိသလို ရိုးသားမှုနဲ့ ကြိုးစားမှုတွေကြောင့် အောင်မြင်မယ်ဆိုပြီးတော့ ပြောပြထားသေးတဲ့ ချစ်ငယ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Phyu Phyu Htwt's Fb Account
Photo Credit - Amazing Grace

Photo Credit - May KhaLar's Fb Account & Phyu Phyu Htwt's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။