ဟာသသရုပ်ဆောင် မင်းသားကြီး ခင်လှိုင်ကတော့ အနုပညာအရည်အချင်းပြည့်ဝသူဖြစ်ပြီး နှစ်နဲ့ချီကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာအဖြစ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ ခင်လှိုင်က လက်ရှိမှာလည်း သရုပ်ဆောင်အဖြစ် ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရွှင်တဲ့ ခင်လှိုင်ကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ခင်လှိုင်ကတော့ အိမ်ထောင်ဦးစီးကောင်းပီသစွာ မိသားစုအပေါ်မှာ တာဝန်ကျေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်လှိုင်တို့မိသားစုလေးက ပြင်ဦးလွင်ကို ခရီးထွက်ရင်း တက္ကသိုလ်ဂွမ်းပုံရဲ့ခြံထဲကို သွားလည်ခဲ့တာ ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ ပြင်ဦးလွင်မှာအိမ်ဆောက်နေတဲ့ ဂွမ်းပုံရဲ့ခြံထဲကိုသွားလည်ရင်း Live လွှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ခင်လှိုင်က မိသားစုတွေကိုပါခေါ်ပြီး ဂွမ်းပုံလေးတို့ခြံထဲမှာ ပျော်ပျော်ပါးပါး ဟင်းတွေချက်စားရင်း ရယ်မောနေတာလည်း ဖြစ်ပါတယ်။ ခင်လှိုင်နဲ့ မဂွမ်းတို့ကတော့ အတူဆုံတုန်းမှာ အခွီတွေပြောရင်း တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြတာကလည်း တကယ့်ကိုပျော်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပြင်ဦးလွင်မှာရှိတဲ့ ဂွမ်းပုံလေးတို့ခြံထဲကိုသွားလည်ခဲ့တဲ့ ခင်လှိုင်ရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Khin Hlaing's FB Acc

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။