ဇာတ်လမ်းတွဲတွေတိုင်းမှာ မတူညီတဲ့ကာရိုက်တာလေးတွေနဲ့ ပီပြင်စွာသရုပ်ဆောင်ရင်း ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ပဲဖြစ်ပါတယ်။ သံသာက အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် အနုပညာအရည်အချင်းရှိသူဖြစ်လို့ ပရိသတ်ရင်ထဲ အချိန်ခဏလေးအတွင် ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပါ။ မကြာသေးမီကမှ ဇာတ်သိမ်းသွားခဲ့တဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲလေးမှာလည်း ပရိသတ်အကြိုက်တွေ့စေခဲ့တဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်......။

Photo credit _ Than Thar Moe Theint's FB account
Photo credit _ Than Thar Moe Theint's FB account

မင်းသားချောလေး ကျော်ထက်ဇော်နဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားပြီး အချစ်ဇာတ်လမ်းတွဲလေးဖြစ်လို့ ဇာတ်လမ်းတွဲလေးကို ကြည့်ရှုသူပရိသတ်တိုင်း အကြိုက်တွေ့နေကြတာပါနော်။ သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ ဟန်ပန်လေးတွေက ပရိသတ်တွေရင်ထဲ စွဲကျန်ရစ်နေပြီး ဇာတ်လမ်းတွဲပြီးဆုံးသည့်တိုင် အားပေးမှုတွေကို ဆက်တိုက်ရရှိနေတာလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ မင်းသမီးချောလေး သံသာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်.....။

Photo credit _ Than Thar Moe Theint's FB account
Photo credit _ Than Thar Moe Theint's FB account

သံသာမိုးသိမ့်နဲ့ ကျော်ထက်ဇော်က မန္တလေး ပုသိမ်ကြီးမြို့သို့ သွားရောက်ကာ သီချင်း MTVအသစ်ကလေးကို ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ " မင်္ဂလာနံနက်ခင်းလေးမာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကျပါစေ မိန်းခလေးတို့ကတော့ မန္တလာမြေမာ MTV လေးရိုက်ကူးနေပါတယ်ရှင့်" ဆိုတဲ့ စာသားလေးအပြင် နှစ်ယောက်သားရိုက်ထားတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာတာကြောင့်ချစ်ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေရန်အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit _ Than Thar Moe Theint's FB account
Photo credit _ Than Thar Moe Theint's FB account

Photo credit _ Than Thar Moe Theint's FB account

Source  _ Than Thar Moe Theint's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။