ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံ ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်တွေချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ မိုးယုစံ ဟာဆိုရင် ဗီဒီယို ဇာတ်ကားတွေထဲမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင် အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လတ်ရှိမှာတော့ ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာကိုလည်း တွေ့ရပါတယ်။

Photo Credit - MY DREAM
Photo Credit - MY DREAM

ဒါ့အပြင် မိုးယုစံ က သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတဲ့ အပြင် ဖြူဖြူချောချောလေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုလည်း မွေးထားပါသေးတယ်။ မိုးယုစံ က မိသားစုပေါ်မှာလည်း အရမ်းကိုတာဝန်ကျေတဲ့ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တာကြောင့် ချစ်ခင်တွေက အရမ်းကို အားကျနေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း မိုးယုစံ က သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစု ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ ရှိပါတယ်။

Photo Credit - MY DREAM
Photo Credit - MY DREAM

ယခုတစ်မှာတော့ မင်းသမီးမိုးယုစံ က ချစ်ရတဲ့ မိသားစုလေးနဲ့ အတူ အပြင်သွားရင်း ပရိသတ်တွေ ချစ်အားပိုစေလောက်မယ့် အိုင်တင်လေးတွေနဲ့ ဖမ်းစားထားတဲ့ မိသားစု လိုက် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းနေတဲ့ သားလေးကလည်း မေမေ မိုးယုစံလေးနဲ့ အတူ အပြိုင်ပို့စ်ပေးနေတာလေးကလည်း အသည်းယားစရာကောင်းလောက်ပါတယ်နော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ပျော်ပျော်ရွှင်ရွှင် နဲ့ ချစ်စရာကောင်းနေတဲ့ မိုးယုစံတို့ မိသားစုပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - MY DREAM
Photo Credit - MY DREAM

Photo Credit - MY DREAM

Source - Moe Yu San's facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။