အဆိုတော်ဖြိုးပြည့်စုံကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေများစွာကို သီဆိုလေ့ရှိပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်ဖြိုးပြည့်စုံကတော့ အနုပညာအလုပ်တွေကိုဆက်လုပ်ကိုင်လျက်ရှိနေပြီး သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားလျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Phyo Pyae Sone - ဖြိုးပြည့်စုံ 's facebook page
photo credit : Phyo Pyae Sone - ဖြိုးပြည့်စုံ 's facebook page

အချစ်သီချင်းလေးတွေ အလွမ်းသီချင်လေးတွေကို သီဆိုလေ့ရှိပြီး သီချင်းအသစ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိတဲ့ ဖြိုးပြည့်စုံကတော့ ပရိသတ်တွေ အချစ်ပိုရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ ဖော်ရွေစွာပြောဆိုဆက်ဆံတတ်တဲ့ အဆိုတော်ဖြိုးပြည့်စုံကတော့ ယခုမှာကြိုးစားရှာဖွေထားတဲ့ အနုပညာကြေးလေးနဲ့ တန်ဖိုးကြီးအဖြူရောင်ကားသစ်ကြီးတစ်စီးကို ဝယ်လိုက်ပါတယ်။

photo credit : Phyo Pyae Sone - ဖြိုးပြည့်စုံ 's facebook page
photo credit : Phyo Pyae Sone - ဖြိုးပြည့်စုံ 's facebook page

ဖြိုးပြည့်စုံကတော့ " သီချင်းတွေလည်း အမြဲအားပေးသလို၊ကားလေးကိုဈေးလည်း သင့်အောင် ညှိပေးစပီး ဝယ်ယူတဲ့အချိန်ကနေ အခု owner book ရတဲ့အထိ အမည်ပေါက် ၊ အခွန်ဆောင် အပီးစီးထိပါအစစရာရာ တာဝန်ယူ စိတ်ချလက်ချ ပြုလုပ်ပေးသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်.. " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြိုးပြည့်စုံရဲ့ အမိုက်စားကားသစ်လေးနဲ့ ပျော်ရွှင်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Phyo Pyae Sone - ဖြိုးပြည့်စုံ 's facebook page 

photo credit : Phyo Pyae Sone - ဖြိုးပြည့်စုံ 's facebook page
photo credit : Phyo Pyae Sone - ဖြိုးပြည့်စုံ 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။